ရေးမှာ စစ်ကောင်စီယာဥ်တန်းခြုံခိုတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

ရေးမှာ စစ်ကောင်စီယာဥ်တန်းခြုံခိုတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းကို မနေ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရေးမြို့ဘက်ကနေ သံဖြူဇရပ်ဘက်ကိုတက်လာတဲ့ အဲဒီစစ်ကောင်စီကား ၆ စီးပါယာဥ်တန်းဟာ ပိန္နဲတောရွာနဲ့ ရွာသာအေးရွာကြာမှာ မနေ့က နေ့လယ် ၂နာရီကျော် အချိန်ခန့်က တိုက်ခိုက်ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သွားရောက်တိုက်ခိုက်ခဲ့တဲ့ မွန်ပြည်နယ် တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်ခိုက်မှုတစ်စုံတစ်ရာမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလ ၄ ရက်နေ့ကလည်း သံဖြူဇရပ်မြို့ကနေ ရေးမြို့ဘက်ကိုလာတဲ့ စစ်ကောင်စီကား ၃ စီးပါယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၅ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။

The Tanintharyi Times