မြေရှားသတ္တု နဲ့ ကျောင်းသားဗီဇာ လဲလှယ်ဖို့ ရှီကျင့်ဖျင် နဲ့ သဘောတူထားပြီးပြီလို့ ထရမ့်ပြော

မြေရှားသတ္တု နဲ့ ကျောင်းသားဗီဇာ လဲလှယ်ဖို့ ရှီကျင့်ဖျင် နဲ့ သဘောတူထားပြီးပြီလို့ ထရမ့်ပြော

ပုံ - ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့တရုတ်သမ္မတ ရှီကျင်ဖျင့်တွေ့ဆုံခဲ့ပုံ

တရုတ်က အမေရိကန် ကို မြေရှားသတ္တုရောင်းချဖို့ပေးဖို့ နဲ့ အမေရိကန်ဘက်က တရုတ်ကျောင်းသားတွေကို ဗီဇာပြန်လည်ထုတ်ပေးဖို့ တရုတ်သမ္မတ ရှီကျင်ဖျင့် နဲ့အိမ်ဖြူတော်အကြားသဘောတူညီမှုရရှိပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကပြောပါတယ်။

အမေရိကန် နဲ့ တရုတ်ကြားက ကုန်သွယ်ရေးဆိုင်ရာတင်းမာမှုတွေဟာ ဒီသဘောတူညီချက်နဲ့ အတူအဆုံးသတ်သွားပြီလို့လည်းထရမ့်ကထပ်လောင်းပြောကြားခဲ့ပါတယ်။

အမေရိကန် ကုမ္ပဏီတွေကို တရုတ်ဘက်က မြေရှားသတ္တုနဲ့ နည်းပညာဆိုင်ရာကုန်ပစ္စည်းတွေမှာ အသုံးပြုတဲ့ သံလိုက် ဓာတ်သတ္တု ရောင်းချပေးရမှာဖြစ်ပြီး အမေရိကန် က တရုတ်ကျောင်းသားတွေကို အမေရိကန် ပြည်ထောင်စု တစ်ဝန်းက တက္ကသိုလ်၊ ကောလိပ်တွေမှာ ပညာသင်ခွင့် ဗီဇာ ထုတ်ပေးဖို့ သဘောတူခဲ့ တာဖြစ်တယ်လို့ ထရမ့်ကဆိုပါတယ်။

“တရုတ် က မြေရှားသတ္တု နဲ့ သံလိုက်တွေရောင်းပေးရမယ်၊ ကျနော်တို့ဘက်ကတော့ တရုတ်ကျောင်းသားတွေ ကျုပ်တို့ ကောလိပ်တွေ၊ တက္ကသိုလ်မှာ တက်ရောက်သင်ကြားခွင့်ပြန်ခွင့်ပြုမယ်။ အခွန်နဲ့ ပတ်သက်ပြီး ကျနော်တို့က စည်းကြပ်ခွန် ၅၅ ရာခိုင်နှုန်းရမယ်၊ တရုတ်က ၁၀ ရာခိုင်နှုန်းရမယ်” လို့ ထရမ့် က သူရဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

ထရမ့်က ရှီ နဲ့ ကျနော်တို့ကြားသဘောတူပြီးပါပြီ။ အခွန်စည်းကြပ်မှုကစတဲ့ ကုန်သွယ်ရေးတင်းမာမှုတွေ ဒီသဘောတူညီချက်နဲ့ အဆုံးသတ်လိုက်လိုက်ပါပြီ” လို့ ရေးသားထားတာဖြစ်ပါတယ်။

ယခုသီတင်းပတ်ကလို့ တရုတ်နဲ့ အမေရိကန် ကြားအခွန်နှုန်းထားသစ်တွေနှစ်နိုင်ငံသဘောတူညီချက်နဲ့ ပြန်သတ်မှတ်ဖို့ လုပ်ဆောင်မယ်လို့လည်းထရမ့် ကပြောပါတယ်။

စည်းကြပ်ခွန်ကိစ္စ တင်းမာမှုဖြစ်ပေါ်နဲ့ အမေရိကန် နဲ့ တရုတ်တို့ ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေး ရပ်ဆိုင်းလုနီးပါး ဖြစ်သွားခဲ့တာကြောင့် လန်ဒန်မှာ နှစ်နိုင်ငံကိုယ်စားလှယ်တွေ နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိမှာ ကမ္ဘာ့တစ်ဝှမ်းကို မြေရှား သတ္တုအများဆုံးတင်ပို့နေတဲ့ နိုင်ငံဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တို့ မြေရှား သတ္တုတူးဖော်မှုတွေ လုပ်ဆောင်နေတာကြောင့် သဘာဝပတ်ပတ်ဝန်းကျင်ပျက်စီးမှု ၊ ဒေသခံတွေ ကျန်းမာရေးထိခိုက်မှု နဲ့ မြစ်ချောင်းပျက်စီးအများအပြားကြုံတွေ့နေရတယ်လို့ ကချင်ပြည်နယ်ကဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ မြေရှားသတ္တု အမြောက်အများက တရုတ်နိုင်ငံကို ဝင်ရောက်နေပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း တရုတ်ရဲ့ မြေရှားသတ္တုတင်သွင်းမှု နှစ်ဆကျော် ခုန်တက်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ တန်ချိန် ၁၉,၅၀၀ တင်သွင်းမှုက အမြင့်ဆုံးဖြစ်ခဲ့ပေမယ့် ၂၀၂၃ ခုနှစ်မှာ တန်ချိန် ၄၁,၇၀၀ အထိ တင်သွင်းထားတယ်လို့သိရပြီး တရုတ်မှာလည်း မြေရှားသတ္တုတူးဖော်ရေးဇုန်တွေရှိပေမယ့် မြန်မာနိုင်ငံက မြေရှားသတ္တုတင်သွင်းမှုဟာ တရုတ်က သူ့နိုင်ငံအတွင်း တူးဖော်တဲ့ ပမာဏထက် ပိုများနေတာ တွေ့ရတယ်လို့ မြေရှား သတ္တုတူးဖော်မှုတွေကိုစောင့်ကြည့်နေတဲ့ Global Witness က အစီရင်ခံစာတစ်စောင် ကို ပြီးခဲ့တဲ့ နှစ် ကထုတ်ပြန်ထားပါတယ်။

ကိုးကား – CNN

( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times