အရပ်သားအစိုးရတောင်းခံခဲ့တဲ့ ကင်းလှည့်ရေယာဉ် ၆ စီးကို တရုတ်က စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်
အရပ်သားအစိုးရတောင်းခံခဲ့တဲ့ ကင်းလှည့်ရေယာဉ် ၆ စီးကို တရုတ်က စစ်ကောင်စီထံ လွှဲပြောင်းပေးအပ်
အရပ်သားအစိုးရ လက်ထက်ကအကူအညီတောင်းခံခဲ့ တဲ့ ကင်းလှည့်ရေယာဥ် ၆ စီးကို တရုတ်က စစ်ကောင်စီ ထံ လွဲပြောင်းပေးအပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးတဲ့ ကင်းလှည့်ရေယာဥ် ၆ စီးကို အာဏာသိမ်းစစ်ကောင်စီထံ ဇွန် ၁၁ ရက်က ရန်ကုန်မြို့မှာ လွှဲပြောင်းပေးလိုက်တယ်လို့ တရုတ်သံရုံးက ဖော်ပြလာပါတယ်။
အဲ့ဒီရေယာဉ် ၆ စီးကို အရပ်သားအစိုးရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လက်ထက် ၂၀၁၈ ခုနှစ် ဇွန်လမှာ အဆိုပြု အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။
၂ဝ၂၀ ပြည့်နှစ် မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အဲ့ဒီယာဉ်တွေကိုပေးအပ်ဖို့ နှစ်ဖက်သဘောတူခဲ့တာဖြစ်တယ်လို့ တရုတ် သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ကာလအခက်အခဲနဲ့ကြုံခဲ့ပေမယ့် ရေယာဉ်တွေကို တည်ဆောက်ပေးတဲ့ ကုမ္ပဏီဟာအချိန်မီ ထုတ်လုပ်ပို့ဆောင်ပေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဆိုပါရေယာဉ်တွေကို လွှဲပြောင်းပေးရာမှာ နှစ်နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေပြီး ဘုံအကျိုးစီးပွားကို ကာကွယ်သွားဖို့အတွက် ပေးအပ်တာဖြစ်တယ်လို့ ဝာရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ရေကြောင်းပို့ဆောင်မှုဘေးကင်းစေရေး၊ ရေပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ရေး နဲ့ ရေအရင်းအမြစ်ကာကွယ် အသုံးချမှု လုပ်ငန်းများတွင် အသုံးတည့်ဖို့အတွက် ပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
တရုတ်အစိုးရရဲ့ကင်းလှည့်ရေယာဉ် ၆ စီးအကူအညီပေးအပ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ပေးအပ်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Connect Burma
The Tanintharyi Times
