လောင်းလုံးက အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု “အာဏာရှင်ရှိရင် တော်လှန်ပုန်ကန်သူ လူထုရှိတယ်”
လောင်းလုံးက အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု “အာဏာရှင်ရှိရင် တော်လှန်ပုန်ကန်သူ လူထုရှိတယ်”
ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ် ကျေးရွာတရွာအတွင်းမှာ ဒီမိုကရေစီရရှိရေးအတွက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတစ်ခုကို ဒီကနေ့ ညနေပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။
ပြည်သူတွေကို လက်နက်အားကိုးတစ်ခုတည်းနဲ့ အနိုင်ကျင့်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေ ရှိနေသရွေ့ တော်လှန်ပုန်ကန်မယ့် လူထုကလည်း ဆက်ရှိနေမယ်လို့ စစ်အာဏာရှင်တွေကို သပိတ်လှုပ်ရှားမှု ဆောင်ရွက်သူတွေက သတိပေးထားပါတယ်။
အဆိုပါသပိတ်လှုပ်ရှားမှုကို အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_လောင်းလုံးမြို့နယ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု_သပိတ်ကော်မတီ_ထားဝယ်ခရိုင်_ddmsc တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
