စစ်ကောင်စီကျင်းပတဲ့ သပိတ်မျှောပွဲ မသွားခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြော
စစ်ကောင်စီကျင်းပတဲ့ သပိတ်မျှောပွဲ မသွားခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေပြော
စစ်ကောင်စီကျင်းပတဲ့ သပိတ်မျှောပွဲကို သွားရောက်ပါဝင်ခြင်းမရှိခဲ့တဲ့ ထားဝယ်မြို့နယ်က ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စာထုတ်ပြီး ပြောကြားလာပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မေတ္တာရပ်ခံ ချက်တွေကို လေးစားလိုက်နာပေးပြီး စစ်ကောင်စီ ကကျင်းပတဲ့ ပွဲတွေကို ပါဝင်ဆင်နွှဲတာမျိုးမရှိပဲ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ပေးခဲ့တဲ့အတွက် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။
အခုလိုမျိုး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တစ်သွေးတည်း၊ တစ်သားတည်းရပ်တည်ပေးတာဟာ ရောက်ရာအရပ်ကနေ တော်လှန်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် အားတက်ဂုဏ်ယူစရာ ပြယုဒ် ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါကျေးဇူးတင်လွှာကို ထားဝယ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ (ထားဝယ်-ပကဖ)အဖွဲ့ဝင်တွေဖြစ်တဲ့ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (DDT)၊ ထားဝယ်ပြောက်ကျားတော်လှန်ရေးအဖွဲ့ (DGRF)၊ Fighting For Freedom Force၊ ထားဝယ်အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစုနဲ့ ဘီလုံးပျောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။
The Tanintharyi Times
