စစ်ကြောရေး (၁)
စစ်ကြောရေး (၁)
ငါအသက်ရှုနေသေးတယ်
အဲ့ဒီတခုပဲ စိတ်ထဲထည့်ထားလိုက်တယ်
ဘာမှမတွေးတော့ဘူး၊
ကိုယ့်ကိုယ်ပေါ်ကို နင်းထားတဲ့ခြေထောက်တွေက တချို့ဖိနင်း တချို့တင်ထားရုံ ဒါပေမဲ့အနင်းခံထားရတဲ့လူရဲ့ကျိုးကြေနေမှုကတော့ အတူတူပဲ၊
ခေါင်းကိုစွပ်ထားတဲ့အိတ်က နံနေပြီ။
ငါက ဘယ်နှစ်ယောက်မြောက်လဲ၊ ဘာမှမမြင်ရတဲ့အတူတူတော့ မျက်လုံးတွေကိုပါ မှိတ်ထားလိုက်တယ်။
The Tanintharyi Times
