သံလျင်တံတားဖွင့်ပွဲ ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူတွေဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

သံလျင်တံတားဖွင့်ပွဲ ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူတွေဖမ်းမိတယ်လို့ စစ်ကောင်စီထုတ်ပြန်

စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲအခမ်းအနားကို ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်ထားသူတွေကိုဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ အာဘော် ဒီနေ့ထုတ်မြန်မာ့အလင်း နဲ့ ကြေးမုံမှာရေးသားထားပါတယ်။

သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားတဲ့ သူ ၉ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ က ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရန်ကုန် UG အဖွဲ့ဝင် ခုနစ်ဦးကို ၁ဝ၇ မမ ရှော့တိုက်ဒုံး နှစ်လုံး၊ လက်ပစ်ဗုံး နှစ်လုံး၊ ဘတ္ထရီအိုး နှစ်လုံး၊ ဖြူးစ် နှစ်ခု၊ ဝါယာကြိုးခွေ လေးခွေနဲ့အတူ ဇွန်လ ၈ ရက်နေ့ က ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းထဲ မှာဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ ကထုတ်ပြန်ပါတယ်။

အလားတူ ဇွန်လ ၉ ရက်နေ့မှာလည်း ဖမ်းဆီးရမိသူတွေရဲ့ထွက်ဆိုချက်အရ ရှော့တိုက်ဒုံးပစ်ခတ်ရာမှာ ပူးပေါင်းပါဝင်သူ နှစ်ဦးကို ၁၀၇ မမ ရှော့တိုက်ဒုံး တစ်လုံး၊ ဖြူးစ် တစ်ခုတို့နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

Brigate Drone Force PDF အဖွဲ့ဝင်တစ်ဦးက ရှော့တိုက်ဒုန်းပစ်ခတ်နည်းတွေကို အွန်လိုင်းကနေ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန် UG အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ရှော့တိုက်ဒုန်း နဲ့ဆက်စပ်ပစ္စည်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ရဲ့ အထောက်အပံ့နဲ့ တည်ဆောက်ခဲ့တဲ့ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲကို ဇွန်လ ၈ ရက်နေ့ မနက်ပိုင်းမှာ ကျင်းခဲ့ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကတက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times