ပုလောမြို့နယ်မှာ လူကြီးလမ်းကြောင်းလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့နဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ကျည်ကပ်အပါအဝင် ပစ္စည်းအများအပြား သိမ်းဆည်းရမိ

ပုလောမြို့နယ်မှာ လူကြီးလမ်းကြောင်းလုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့နဲ့ ပျူတွေ တိုက်ခိုက်ခံရပြီး ကျည်ကပ်အပါအဝင် ပစ္စည်းအများအပြား သိမ်းဆည်းရမိ

ရုပ်သံ -တောကြီးမြွေဟောက်အဖွဲ့

ပုလောမြို့၊ ဇရပ်ဆိပ်ရွာ အုပ်ချုပ်ရေးမှူးရုံးအနီးမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို တောကြီးမြွေဟောက်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ကျည်ကပ်တွေနဲ့ ပစ္စည်းအသုံးအဆောင်တွေ ချန်ရစ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ စစ်တပ်ကလူကြီးလမ်းကြောင်းရှိတဲ့အတွက် ဂိတ်ချပြီး လုံခြုံရေးယူပေးနေတာလို့ တောကြီးမြွေဟောက်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

အခုလ ၈ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်က သွားရောက်ပြီး ပစ်ခတ်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူ ၇ ဦးခန့်ရှိနေပြီး အပြန်အလှန်ပစ်ခတ်မှုပင်မဖြစ်လိုက်ပဲ သေနတ်ကို မိုးပေါ်ထောင်ပစ်ကာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ကျန်ရစ်ခဲ့တဲ့ စစ်ဝတ်စုံ ၈ စုံ၊ M-16 ကျည်ကပ် ၂ ခု၊ ကျည်ဆံ (၃၀)၊ equipment (၃)ခု၊ ဦးထုပ် (၆) လုံးနဲ့ လက်ထိပ် (၁) ခုတို့ကို သိမ်းဆည်းရရှိခဲ့ပြီး အထိခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တောကြီးမြွေဟောက်အဖွဲ့အနေနဲ့စစ်ကောင်စီထောက်တိုင်မှန်သမျှကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ကိုလည်း အသိပေး မေတ္တာရပ်ခံထားပါတယ်။

The Tanintharyi Times