ပုလောမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ
ပုလောမြို့နယ်မှာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရ
ပုလောမြို့နယ်က ကျေးရွာတွေကို စစ်ကြာင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်တပ်ဘက်က တစ်ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ PDF(ပုလော) ကသတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၉နာရီအချိန်ကစပြီး စစ်ကောင်စီဘက်က စစ်ကြောင်းသုံးကြောင်းနဲ့ ရှမ်းဒွတ်၊ ကျောက်လိပ်၊ အမ်းမဝကျေးရွာတွေကို ဝင်ရောက်လာတာဖြစ်ပြီး နေ့လည် ၂နာရီခွဲအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ နှစ်ဖက်အပြန်အလှန် အပြင်းအထန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ညနေ ၄နာရီအချိန်မှာတော့ တိုက်ပွဲရပ်နားခဲ့တယ်လို့ သိရပါတယ်။
ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်(PPDF) နဲ့ မဟာမိတ်အင်အားစုဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ပုလောမြို့နယ်၊ ရှမ်းဒွတ်ရွာအတွင်းက နေအိမ် (၅) လုံးအား မီးရှို့ ဖျက်ဆီးခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
The Tanintharyi Times
