ကော့သောင်းမှာ ဆီဆိုင်အားလုံးနီးပါးပိတ်လိုက်လို့ ဒေသခံတွေအခက်တွေ့
ကော့သောင်းမှာ ဆီဆိုင်အားလုံးနီးပါးပိတ်လိုက်လို့ ဒေသခံတွေအခက်တွေ့
ကော့သောင်းမြို့မှာ ဒီနေ့မနက် ဆီဆိုင်တွေ အားလုံးနီးပါးရုတ်တရက် ပိတ်ချလိုက်လို့ အခက်တွေ့နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဆီဆိုင်တချို့အဖမ်းခံရတာနဲ့အတူ လိုင်စင်မရှိတဲ့ဆိုင်တွေ ဖမ်းမယ်ဆိုတဲ့သတင်းကြောင့် ဆီဆိုင်ငယ်တွေအားလုံးပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ ဆီဆိုင်ကြီးသုံးဆိုင်ပဲဖွင့်လှစ်ထားပြီးအကန့်အသတ်နဲ့ရောင်းပေးနေလို့ ပြည်သူတွေတန်းစီဝယ်ယူနေကြရပါတယ်။
“ကော့သောင်းမြို့က ဆီဆိုင်တွေက မှောင်ခိုသွင်းတာရော တရားဝင်သွင်းတာရော ရှုပ်နေတာ” လို့ မြို့ခံတစ်ဦးက တနင်္သာရီတိုင်းမ် ကို ပြောပါတယ်။
ကော့သောင်းမြို့မှာ မနေ့ကအထိ ၉၂ တစ်လီတာကို၂၄၀၀ ကျပ်၊ ၉၅ တစ်လီတာကို၂၅၀၀ စျေးရှိခဲ့ပြီး ဆီဆိုင်တွေပိတ်လိုက်ရလို့ ဆိုင်ကြီးတွေမှာတော့ ဆီစျေး ထိုးတက်သွားတာမျိုးတော့ မရှိသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။
ဆီဆိုင်ငယ်လေးတချို့ကတော့ ဆီတစ်လီတာဘူးကို ငါးထောင်ကျပ်အထိစျေးတင်ရောင်းနေတာတွေရှိနေတယ်လို့ မြို့ခံတစ်ဦးပြောပါတယ်။
အခုလိုမျိုးကမောက်ကမအခြေအနေကြောင့် ဆီစျေးတွေတက်လာနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
The Tanintharyi Times
