ထားဝယ်ထောင်က ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး အသည်းရောဂါနဲ့ကွယ်လွန်
ထားဝယ်ထောင်က ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး အသည်းရောဂါနဲ့ကွယ်လွန်
ထားဝယ်ထောင်က ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦး အသည်းရောဂါနဲ့ ဒီနေ့နေ့လည်ပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ နိုင်ကျဉ်းများကွန်ရက်ကထုတ်ပြန်ပါတယ်။
ကွယ်လွန်သူဟာ အသက်၂၆နှစ်အရွယ် ကိုမြတ်သူရိန်အောင်(ခ) ရွှေအိုင်းဖြစ်တယ်လို့ သိရပါတယ်။
သူဟာဒီကနေ့နေ့လည် ၁နာရီခွဲအချိန်က ထားဝယ်ခရိုင်၊ ကံပေါက်ဒေသက သူ့ရဲ့နေအိမ်မှာပဲကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
သူဟာ မနှစ်ကဇွန်လမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆို ခံခဲ့ရပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ ၅လခန့်အကျဥ်းကျခံရပြီး အောက်တိုဘာ ၁၉ရက်မှာ နိုင်ငံရေးအကျဉ်းသားအချို့ကို ပြန်လွှတ်ပေးချိန်မှာ ကိုမြတ်သူရိန်အောင်လည်း ပြန်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
The Tanintharyi Times
