ဘဝပင်ရွာမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၆ ဦးသေ

ဘဝပင်ရွာမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၆ ဦးသေ

ရုပ်သံ - EDF

ထားဝယ်မြို့နယ်၊ ဘဝပင်ရွာမှာ ပြီးခဲ့တဲ့နှစ်ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ Eastern Defense Force – EDF အဖွဲ့ကနေသိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့က ကျောက်သေတ္တာဘုရားတောင်ပေါ်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကို ဘုရားတောင်လမ်းတစ်ဝက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တစ်နာရီဝန်းကျင်အကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ EDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

” သူတို့ဘက်က ၆ ကောင်သေတယ်။ ကျနော်တို့ဘက်ကတော့ဘာမှမဖြစ်ပါဘူး” လို့ EDF အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က နောက်ထပ် ၂ ဦးလည်းဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ဘဝပင်ရွာမှာတပ်စွဲထားပြီး ရွာသားတစ်ရာကျာ်ကိုဖမ်းဆီးထားတဲ့အပြင် နေအိမ်တွေကိုဝင်ရောက်ရှာဖွေတာတွေ၊ နေအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေနဲ့ဆိုင်ကယ်တွေကိုခိုးယူတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။

ရွာမှာတပ်စွဲပြီးရွာသားတွေကိုဖမ်းဆီးနေတဲ့အတွက် ရွာသားအများအပြား ဘေးလွတ်ရာတောတောင်တွေထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီး စားရေးသောက်ရေး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။

The Tanintharyi Times