စစ်အုပ်စုခေါင်းဆောင် က လူထုကို “အရိပ်နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေကြသူတွေလို့ ပုတ်ခတ်

စစ်အုပ်စုခေါင်းဆောင် က လူထုကို “အရိပ်နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေကြသူတွေလို့ ပုတ်ခတ်

အာဏာသိမ်း စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်က မြန်မာနိုင်ငံကအတွင်းက ဒေသအသီးသီး ကို ပျက်စီးအောင် လုပ်ဆောင်နေသူတွေဟာ ဒေသခံပြည်သူတွေပဲ ဖြစ်ပြီး “အရိပ်နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေကြသူတွေလို့ ပုတ်ခတ်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်က မနေ့က ဇွန်လ ၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာအခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတစ်ခုတိုးတက်ကောင်းမွန် ရေးအတွက် နိုင်ငံတွင် နေထိုင်ကြသူ များက ဆောင်ရွက်ရတာဖြစ်သလို နိုင်ငံကို ပျက်စီးအောင်လည်း အဖျက် သမားစိတ်ဓာတ်ရှိတဲ့ နိုင်ငံသားတွေက လုပ်ဆောင်နေတာဖြစ်တယ်လို့လည်းမင်းအောင်လှိုင် ပြည်သူကို ပုတ်ခတ်ပြောဆိုခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ က ဒေသအသီးသီးမှာလည်း ဒေသတစ်ခု ပျက်စီးစေရန် အတွက် လုပ်ဆောင်ကြသူတွေဟာ အဲ့ဒီဒေသခံ လူထုသာဖြစ်တယ်လို့ စစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူလူထု နဲ့ အဖွဲ့ အစည်းတွေကို စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဥပမာပေးရမည်ဆိုပါက “အရိပ် နေနေ၊ အခက်ချိုးချိုး” ပြုလုပ်နေကြသူများ ဖြစ် ကြောင်း” မင်းအောင်လှိုင်က ပြောကြားခဲ့တယ်လို့ စစ်ကောင်စီအာဘော် မြန်မာ့အလင်း နဲ့ ကြေးမုံသတင်းစာတွေ ကဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင်က မြန်မာလူထုဟာ ပညာမတတ်အောင် ကိုယ်တိုင် လုပ်ဆောင်နေကြတယ် လို့လည်း ပုတ်ခက်ခဲ့ပါသေးတယ်။

“ ကိုယ်ပညာမတတ်အောင် ကိုယ့်ကိုယ် လုပ်ဆောင် ခြင်းသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်ကို ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို ဖျက်ဆီး နေသည့် လုပ်ရပ်ထက် အောက်တန်းကျ သော လုပ်ရပ်မရှိကြောင်း” မင်းအောင်လှိုင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

Connect Burma

The Tanintharyi Times