ဝကုန်းကျေးရွာကနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့နေ

ဝကုန်းကျေးရွာကနေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့နေ

ရုပ်သံ - ဒီနေ့မနက် ဝကုန်းကျေးရွာမှာမီးလောင်ကျွမ်းနေတဲ့မြင်ကွင်း

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ​ဒေသခံတွေဆီကနေသိရပါတယ်။

မနက် ၆နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရွာပတ်ပတ်လည်ကိုပစ်ခတ်ပြီးနောက် ၇နာရီခွဲလောက်ကစပြီး နေအိမ်တွေကိုမီးရှို့ခဲ့တာလို့ သိရပါတယ်။

“လက်ရှိ ၁၅ ဆောင်လောက်လောင်နေတယ်။ သွားကြည့်လို့မရလို့ အတိကျတော့ မသိသေးဘူးပေါ့။ ဘောလုံးကွင်းနားကနေ ဆက်တိုက်တစ်အိမ်ပြီးတစ်အိမ်ရှို့လာတာပါ။ လေမငြိမ်ရင်တော့ တရွာလုံးပြာကျမှာပဲ” လို့​ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်သား အင်အား ၁၅ဝ လောက်ဟာ ဝကုန်းရွာထဲမှာ စစ်ကားတွေရပ်ပြီး ရှိနေကြသေးတယ်လို့လည်း ဒေသခံကဆိုပါတယ်။ ကျောက်မဲတောင်ဘက်ကလာတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ၂၅ မိုင်မှာရှိနေတယ်လို့သိရပါတယ်။

လိပ်ကြယ်ပြောင်နဲ့ သင်္ကန်းတုန်းရွာကြားမှာ မနေ့က နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လက်နက်နက်ကြီးကျည်ထိမှန်ပြီး သင်္ကန်းတုံးဘုရားတောင်မှာ တောမီးလောင်ကျွမ်းခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာအခုလ ၆ ရက်နေ့လောက်ကတည်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေခဲ့တာဖြစ်ပြီး အနီးအနားကရွာသားတွေကတော့ နေအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။

The Tanintharyi Times