ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးပြီလို့ စစ်အစိုးရ ထုတ်ပြန်

ယာယီသမ္မတ ဦးမြင့်ဆွေ သေဆုံးပြီလို့ စစ်အစိုးရ ထုတ်ပြန်

မနေ့က (ဩဂုတ်လ ၆ရက်) သေဆုံးပြီလို့ သတင်းထွက်ပေါ်ခဲ့တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ဒီကနေ့ (ဩဂုတ်လ ၇ရက်) မနက် ၈နာရီ ၂၈မိနစ်အချိန် အမှတ် ၂ ကုတင်၁၀၀၀ တပ်မတော်ဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့ စစ်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လာပါတယ်။

စစ်တပ်အာဏာသိမ်းစဉ် ယာယီသမ္မတ အဖြစ်ဆောင်ရွက်ခဲ့တဲ့ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးအခြေနေ အထူးရိမ်နေရတယ်လို့ အာဏာသိမ်းစစ်တပ် က သြဂုတ်လ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပြီး ၃ရက်အကြာမှာ ကွယ်လွန်သွားတာကို စစ်အစိုးရဘက်က ထုတ်ပြန်ခဲ့တာပါ။

မနေ့ကတော့ စစ်အစိုးရပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်တယ်ဆိုတဲ့သတင်းကို သတင်းအမှားသာဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဦးမြင့်ဆွေ ဟာ ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းစလို့ လှုပ်ရှားမှုတုန့်နှေးတာ နဲ့ အစာ အာဟာရစားသုံးနိုင်မှုအားနည်းလာတာတွေကိုခံစားနေရတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၄နှစ်ရှိပြီဖြစ်ပါတယ်။

ဦးမြင့်ဆွေရဲ့ ဈာပနကို နိုင်ငံတော် ဈာပနအခမ်းအနားအဖြစ် ကျင်းပပြုလုပ်သွားမယ်လို့ အာဏာသိမ်း စစ်အစိုးရက ထုတ်ပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times