ကံပေါက်မောရဝတီရေတပ်စခန်းက စစ်ကားတစ်စီး မိုင်းဆွဲခံရ
ကံပေါက်မောရဝတီရေတပ်စခန်းက စစ်ကားတစ်စီး မိုင်းဆွဲခံရ
ရေဖြူမြို့နယ်မှာရှိတဲ့ ကံပေါက်မောရဝတီရေတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီကားတစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကလိန်အောင်အမှတ်(၂)တံတားအနီးမှာ ဒီနေ့မနက်၇နာရီခွဲ ဝန်းကျင်က မိုင်းဆွဲခံရတာပါ။
ကားမှန်တွေကွဲသွားပေမယ့် အသက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။
“ပေါက်ကွဲသံကတော့ အတော်ကျယ်တယ်။ အစစ်ဆေးတွေ ဒီထက်ပိုကြပ်လာဦးမယ်ထင်တယ်။” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မိုင်းဆွဲခံရပြီးနာရီပိုင်းအကြာမှာ စစ်ကောင်စီက ကလိန်အောင်ကံပေါက်လမ်းကို ပိတ်ထားပြီး အင်အားအများအပြားနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ဒါ့အပြင် ကလိန်အောင်ဆံတော်ရှင်ရဲ့အနောက်ဘက်ခြမ်းကိုလည်း အင်အား၃၀ခန့်နဲ့ တောနင်းရှာဖွေနေတယ်လို့လည်း ဒေသခံတစ်ဦးက အတည်ပြုပြောဆိုပါတယ်။
မိုင်းဆွဲမှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးပါဘူး။
