ဆေးဖြတ်ကုန်းရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဆေးဖြတ်ကုန်းရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရ

သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး မနေ့က အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သေဆုံးသူဟာ ကင်းရှေ့ကျေးရွာအုပ်စု၊ ဆေးဖြတ်ကုန်းကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး(ခ)ဦးယောက်အို ဖြစ်တယ်လို့သိရပါတယ်။

သူဟာ ပျူစောထီးအဖွဲ့ဝင်ဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။

“သူက ဘုန်းကြီးလူထွက် မင်္ဂလာဆောင်တွေမှာ ဘိသိက်သွန်းတာတွေလုပ်တယ်။ အခုက သေနတ်ကိုင်ထားတယ်လို့လည်းကြားရတယ် ။ ပျူစောထီးဖြစ်နေတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အသက် ၄၅နှစ်ဝန်းကျင်ရှိတဲ့ ဦးမြင့်စိုးဟာ ကင်းရှေ့ရွာကြိုးတံတားအနီးမှာ မေလ ၇ ရက် ညနေ ၅နာရီခွဲ ဝန်းကျင်မှာ သတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

သူ့ကိုဘယ်အဖွဲ့က သတ်ဖြတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။