ပညာသင်ဆုလျောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် ပံ့ပိုးဆွေးနွေးပေးမယ့် အစီအစဥ်
ပညာသင်ဆုလျောက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် ပံ့ပိုးဆွေးနွေးပေးမယ့် အစီအစဥ်
နိုင်ငံတကာ တက္ကသိုလ်တွေမှာ ပညာသင်ဆုလျှောက်ထားဖို့ ပြင်ဆင်နေတဲ့ လူငယ်တွေကို ပံ့ပိုးဆွေးနွေးကူညီပေးတဲ့ Scholarship Consultation Programme – SCP အစီအစဉ်ကိုလျှောက်ထားနိုင်ပြီ။
ဒီအစီအစဥ်က ပညာသင်ဆုတွေ လျှောက်ထားရာမှာ လိုအပ်တာတွေကို အတွေ့အကြုံရှိပြီး ပညာသင်ဆုတွေရခဲ့ဖူးသူတွေက အနီးကပ် ပံ့ပိုးဆွေးနွေး ကူညီပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။
Yattaw School for Community Studies ကပြုလုပ်တဲ့ အဲဒီအစီအစဥ်ကနေ တနင်္သာရီဒေသအတွင်းမှာနေထိုင်တဲ့ လူငယ်တွေကို ဦးစားပေးရွေးချယ်မှာဖြစ်ပြီး တခြားဒေသက လူငယ်တွေလည်း လျောက်ထားနိုင်ပါတယ်။
လျှောက်ထားနိုင်မယ်သူတွေကတော့ ၁၅ နှစ်မှ ၃၅ နှစ် အတွင်းကလူငယ်တွေ၊ General Educational Development- GED အောင်မြင်ပြီးတဲ့သူတွေ၊ တက္ကသိုလ်ပညာရေး ဒုတိယနှစ်အထိအောင်မြင်ပြီးတဲ့သူတွေ၊ တက္ကသိုလ်ဘွဲ့ရရှိပြီးထားသူတွေနဲ့ အင်္ဂလိပ်စာ intermediate အဆင့်ရှိသူတွေဖြစ်ပါတယ်။
လျှောက်လွှာပိတ်ရက်ကိုတော့ အခု သြဂုတ်လ ၁၀ ရက်နေ့ သတ်မှတ်ထားပါတယ်။
ဒီအစီအစဉ်က ပံ့ပိုးကူညီပေးမှာကတော့
– လျှောက်ထားလိုတဲ့ ပညာသင်ဆုတွေအလိုက် လိုအပ်တဲ့ပြင်ဆင်မှုတွေအတွက်အကြံပြု ဆွေးနွေးတာနဲ့ လျှောက်လွှာတင်ရာမှာ ပြင်ဆင်ထားဖို့ လိုအပ်တာတွေကို ဆွေးနွေးလမ်းညွှန်ပေးတာ။
– ပညာသင်ဆုလျှောက်ထားဖို့အတွက် ပြင်ဆင်ရမယ့် ကိုယ်ပိုင်အချိန်ဇယား (Schedule) ကို ဆွေးနွေးတိုင်ပင်ပေးတာ။
– အင်္ဂလိပ်ဘာသာစကားဆိုင်ရာပြင်ဆင်ဖို့ လိုအပ်ရင် တက်ရောက်ရမယ့်သင်တန်းအတွက် သင်တန်းကြေးပံ့ပိုးတာ စတဲ့ အကူအညီတွေဖြစ်ပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ ဖော်ပြပါလင့်ခ် ကတဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
The Tanintharyi Times
