ထားဝယ်တက္ကသိုလ်မှာ ဆရာ၊ ဆရာမ ၄၆ ဦးကို စစ်ကောင်စီ အသစ်ခန့်အပ်
ထားဝယ်တက္ကသိုလ်မှာ ဆရာ၊ ဆရာမ ၄၆ ဦးကို စစ်ကောင်စီ အသစ်ခန့်အပ်
စစ်ကောင်စီက ထားဝယ်တက္ကသိုလ်မှာ နည်းပြ/ သရုပ်ပြ ဆရာ၊ ဆရာမ အသစ်တွေ ခန့်အပ်တဲ့အခမ်းအနားကို ဒီနေ့ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပခဲ့ပါတယ်။
ဒီပွဲကို စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကိုတက်ရောက်ခဲ့ပြီး စုစုပေါင်း ဆရာ၊ ဆရာမ ၄၆ ဦးကိုအသစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
ကျောင်းသားတစ်ဦးကတော့ “အသစ်ခန့်တာတော့ဟုတ်ပါပြီ ဘယ်သူတွေကိုသင်မှာတဲ့လဲ။ ကျွန်စိတ်ဝင်နေတဲ့ကျောင်းသားလေး လက်တဆုတ်စာကိုဝိုင်းသင်ကြမယ်ထင်တယ်” လို့ပြောပါတယ်။
ထားဝယ်တက္ကသိုလ်ဟာ CDM အားကောင်းတဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီး စုစုပေါင်းဆရာ၊ဆရာမ ၁၀၅ ဦးနဲ့ ဌာနဝန်ထမ်း ၅၃ဦး အထိ CDM ပြုလုပ်ထားတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ရဲ့စာရင်းတွေအရသိရပါတယ်။
စစ်ကောင်စီဝန်ကြီးချုပ်ကတော့ ကျောင်းသား၊ကျောင်းသူတွေကိုစည်းကမ်းကောင်းသူ၊ ကြိုးစားသူ၊ ရိုးသားသူများ ဖြစ်အောင် စာရိတ္တပိုင်းဆိုင်ရာ မြှင့်တင်ပေးဖို့ ဆရာ၊ဆရာမတွေရဲ့တာဝန်ဖြစ်တယ်လို့ ပြောဆိုသွားတယ်လို့သိရပါတယ်။
