ရေးမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ
ရေးမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ
မွန်ပြည်နယ်၊ ရေးမြို့အနီး ရန်ကုန် – ထားဝယ်အဝေးပြေးလမ်းမပေါ်မှာ မနေ့ကနေ့လည်ပိုင်းမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မော်လမြိုင်ကနေ ရေးမြို့ဘက်ကိုဦးတည်လာနေတဲ့အဲဒီယာဥ်တန်းဟာ အောင်သသာယာနဲ့ ကနင်ကမော့ကျေးရွာကြား မိုင်တိုင် ၆၃အနီးမှာ မနေ့ကနေ့လည် ၁၁နာရီအချိန်က ခြုံခိုတိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ပထမယာဥ်ကို ၄၀မမ နှစ်လုံးပစ်သွင်းနိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုများပြားနိုင်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ဘက်ကတော့ တပ်သားတစ်ဦးညာလက်မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
အခုလိုတိုက်ခိုက်မှုကို YPDF (ပကဖ) ၊ YGF ၊ YJF တို့ကပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီးတောင်ညို့ပြောက်ကျား တပ်ဖွဲ့ဝင်တစ်ဦးလည်း ပူးပေါင်းအားဖြည့်ပါဝင်ခဲ့တယ်လို့သိရပါတယ်။
The Tanintharyi Times
