ကျောက်ဖြစ်သွားသော နှင်းဆီများ

ကျောက်ဖြစ်သွားသော နှင်းဆီများ

အောင်အောင်ကို သစ်ပင်ကြီးအောက်တွင် တုန်ယင်နေလျက်တွေ့ရသည်။ မလှမ်းမကမ်းမှာ လင်းနေနှင့် အကြမ်းဖက်စစ်သားတစ်ဦး၊ နှစ်ယောက်လုံးသွေးအိုင်ထဲတွင် လဲပြိုနေလျက်။ လင်းနေ ဓါးက အကြမ်းဖက်ကောင် ရင်ဝမှာ။

“ကျွန်တော်က လိုက်ရှင်းရင်းနဲ့ ဒီကောင်နဲ့အတွေ့မှာ သေနတ်က ဂျမ့်ဖြစ်သွားတာ၊ ဒီကောင်က ကျွန်တော့ကို သေနတ်နဲ့ချိန်ပြီး အတွဲလိုက်ဆွဲမလို့ လုပ်ချိန် လင်းနေက ဓါးနဲ့ ဝင်ခုန်အုပ်ပြီး ကျွန်တော့ကို ကယ်သွားတာ” ခပ်လှမ်းလှမ်းမှာ လင်းနေသေနတ်က ကျည်ကုန်လျက် အနေအထားနှင့်။

သူ့နားထဲ ဘာအသံမှ မကြားရတော့။ ယူကြုံးမရဝမ်းနည်းကြေကွဲခြင်းနှင့် နာကျင်မှုတို့က ရင်ဝဆောင့်တက်လာသည်။

“အားးး လင်းနေ ရာ၊ ညီလေးရာ မင်း မင်္ဂလာဆောင်ရဦးမယ်လေ ညီလေး၊ မင်းချစ်သူကောင်မလေးက ရှေ့တန်းအပြန်ကို စောင့်နေတယ်လေကွာ။ “

The Tanintharyi Times