လမ်းတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ထားဝယ်-ထီးခီးလမ်းကိုမသွားလာကြဖို့ အသိပေး
လမ်းတစ်လျှောက် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ထားဝယ်-ထီးခီးလမ်းကိုမသွားလာကြဖို့ အသိပေး
ထားဝယ်မြို့ကနေ ထိုင်းနိုင်ငံနယ်စပ် ထီးခီးကို ဆက်သွယ်ထားတဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် အဲဒီလမ်းကို လုံးဝ မသွားလာကြဖို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ထားဝယ်-ထီးခီးလမ်းမှာ ဇူလိုင်လ ၃ ရက်နေ့ကစပြီးစစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတာပါ။
ပြည်သူတွေရဲ့ လုံခြုံရေးအတွက် ဒီထုတ်ပြန်ချက်ကို နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအချိန်အထိ လေးစားလိုက်နာပေးကြဖို့လည်း အသိပေးထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထားဝယ်မြို့ဘက်ကနေ စစ်ကူပို့ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
အရင်ကလည်း ထားဝယ်-ထီးခီးလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ မကြာခဏတိုက်ခိုက်ခံရဖူးပါတယ်။
The Tanintharyi Times
