ရေးမြို့နယ် လဝကရုံး ပစ်ခတ်ခံရ၊လ၀ကမှူးနဲ့ ဒုလ၀ကမှူး ပွဲချင်းပြီး သေဆုံး
ရေးမြို့နယ် လဝကရုံး ပစ်ခတ်ခံရ၊လ၀ကမှူးနဲ့ ဒုလ၀ကမှူး ပွဲချင်းပြီး သေဆုံး
မွန်ပြည်နယ်၊ ရေးမြို့က လဝကရုံး ဒီကနေ့ မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး လ၀ကမှူးနဲ့ ဒုလ၀ကမှူး ပွဲချင်းပြီး သေဆုံးကာ ဝန်ထမ်း သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ရေးဘီလူးအဖွဲ့က လုပ်ဆောင်ခဲ့တဲ့ အဆိုပါ ပစ်ခတ်မှုမှာ လ၀ကမှူး ဦးသန်းထိုက်၊ ဒုလ၀ကမှူး ဦးအောင်ကိုထက် သေဆုံးကာ လ၀ကမှူး ဦးမြင့်လွင်၊ ဦးအောင်သူဖြိုး အပါအဝင် ၃ ဦး ကျည်ထိမှန်ခဲ့ကြတယ်လို့ ခေတ်သစ်မီဒီယာမှာဖော်ပြထားပါတယ်။
ဒေသခံတချို့ကလည်း လူနာတင်ယာဉ်အသံတွေကို ပစ်ခတ်မှုဖြစ်ပွါးပြီးတဲ့အချိန်လောက်က ကြားရတယ်လို့ အတည်ပြုပါတယ်။
ဒဏ်ရာရရှိသူတွေနဲ့ပတ်သက်ပြီး “မော်လမြိုင်ဆေးရုံပို့ထားတယ်။ ဒါပေမဲ့ သေဖို့များပါတယ်။ ရင်ဘတ်နဲ့ ကျောတွေကို ထိတာဆိုတော့ အဆုတ် ပေါက်ထွက်တာတွေရှိတယ်။ ဒဏ်ရာက အပြင်းအထန်ပါပဲ” လို့ ရေးမြို့နယ် သတင်းရင်းမြစ်က ခေတ်သစ်မီဒီယာကို ပြောပြထားပါတယ်။
စစ်ကောင်စီရဲ့ယန္တရားတွေ လည်ပတ်အောင် အထောက်အကူပြုနေတဲ့ Non-CDM တွေကို သြဂုတ်လ (၂) ရက်နေ့အထိ နောက်ဆုံးနှုတ်ထွက်ပေးဖို့ ရေးဘီလူးအဖွဲ့ က သတိပေးစာထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
