ပုလောမြို့မှာ နေအိမ်တွေကိုဝင်စီးပြီး အိမ်တစ်ချို့က အဖိုးတန်ပစ္စည်းတွေကိုလုယက်၊ ပြည်သူ ၈ ဦးကို ရိုက်နှက်ဖမ်းခေါ်သွား
ပုလောမြို့မှာ နေအိမ်တွေကိုဝင်စီးပြီး အိမ်တစ်ချို့က အဖိုးတန်ပစ္စည်းတွေကိုလုယက်၊ ပြည်သူ ၈ ဦးကို ရိုက်နှက်ဖမ်းခေါ်သွား
မြိတ်ခရိုင် ပုလောမြို့က နေအိမ်တချို့ကို မနေ့ညက စစ်ကောင်စီတပ်သားတွေဝင်ရောက်စီးနင်းပြီး အဖိုးတန်ပစ္စည်းတွေကို လုယက်ခဲ့တဲ့တယ်လို့ပုလောဒေသခံတွေကပြောပါတယ်။
ဇူလိုင်လ ၂ ရက်နေ့၊ ည ၁၀ နာရီခွဲက ခလရ ၂၈၅ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ အမှတ် ၃ ရပ်ကွက်က ဟိန္ဒူကျောင်းအနီးကို အိမ်စီးကား ၄ စီးနဲ့ရောက်လာခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် အနီးအနားမှာရှိတဲ့ နေအိမ်တွေကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး ဆိုင်ကယ်နဲ့ တခြားအဖိုးတန်ပစ္စည်းတွေကို လုယူသွားခဲ့တယ်လို့ပုလောဒေသခံတွေကဆိုပါတယ်။
“သူတို့က ညဦးကတည်းက အရပ်ဝတ်နဲ့ ၆ ယောက် ရောက်နေတာတွေ့ရတယ်။ ည ၁၀ နာရီကျော်လောက်မှ ကား လေးစီးနဲ့ထပ်ရောက်လာပြီး ဟိန္ဒူဘုရားကျောင်းနားက အိမ်တွေကို ဝင်ရှာမွှေသွားတာ”ဟု ပုလောဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပြည်သူ ၈ ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတယ်လို့သိရပြီး ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာတော့မသိရသေးပါဘူး။
ပုလောမြို့နယ်မှာ ဇွန်လ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပုလောဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
The Tanintharyi Times
