တနင်္သာရီတိုင်းမှာ သြဂုတ်လအတွင်း လက်နက်ကြီးထိမှန်၊ မီးရှို့ဖျက်ဆီးခံရလို့ ပြည်သူတွေရဲ့ နေအိမ် ၇ ဆောင်ထက်မနည်း ပျက်စီး
တနင်္သာရီတိုင်းမှာ သြဂုတ်လအတွင်း လက်နက်ကြီးထိမှန်၊ မီးရှို့ဖျက်ဆီးခံရလို့ ပြည်သူတွေရဲ့ နေအိမ် ၇ ဆောင်ထက်မနည်း ပျက်စီး
တနင်္သာရီတိုင်းမှာ သြဂုတ်လအတွင်း စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်ခဲ့လို့ လက်နက်ကြီး ကျည်ထိမှန်ပျက်စီးခဲ့တာတွေနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ၇ ဆောင်အထိ ရှိခဲ့ပါတယ်။
မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ အိမ်တွေကတော့ ရေဖြူမြို့နယ်က ဝက်ချောင်းရွာ၊ ခမောင်းချောင်းရွာ ဆီအုန်းခြံအတွင်းမှာရှိတဲ့ ပြည်သူ့နေအိမ် လေးဆောင်ပါ။
ဒေသခံတွေရဲ့ အိမ်တွေဟာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ ပျက်စီးခဲ့တဲ့အိမ်တွေရှိသလို ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ပျက်စီးခဲ့တဲ့ အိမ်တွေလည်းရှိပါတယ်။
ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာက နေအိမ် တစ်ဆောင်နဲ့ ထားဝယ်မြို့နယ် ဝကုန်းရွာက နေအိမ် နှစ်ဆောင် စုစုပေါင်း သုံးဆောင် လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါတယ်။
ဖော်ပြထားတဲ့ အချက်လက်တွေဟာ တနင်္သာရီတိုင်းမ် အနေနဲ့လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့ အချက်လက်တွေဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုမိုများပြားနိုင်ပါတယ်။
မီးရှို့ဖျက်ဆီးတာမျိုး မဟုတ်ဘဲ ပျက်စီးအောင် ဖျက်ခဲ့တဲ့ အိမ်တွေလည်း တနင်္သာရီတိုင်းမှာ ရှိနေပါသေးတယ်။
ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာဆိုရင် ပြည်သူ့နေအိမ် ၁၀ အိမ်ထက်မနည်းဖျက်ဆီးခံခဲ့ရပြီး ဆိုင်ကယ်အစီးရေ ၂၃ စီးထက်မနည်း ယူဆောင်သွားကာ အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဇူလိုင်လက တနင်္သာရီတိုင်းမှာ တဲအိမ်လေးလုံး အပါအဝင် ပြည်သူ့နေအိမ် (၁၃) ဆောင်ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
The Tanintharyi Times
