နိုင်ငံကူးလက်မှတ်အသစ် ပြန်ထုတ်ပေးတော့မယ်လို့ဘန်ကောက်က မြန်မာသံရုံး ကြေညာ
နိုင်ငံကူးလက်မှတ်အသစ် ပြန်ထုတ်ပေးတော့မယ်လို့ဘန်ကောက်က မြန်မာသံရုံး ကြေညာ
တစ်လကြာ ရပ်နားထားတဲ့ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ပေးတာကို လာမယ့်အပတ်မှာ ပြန်လည် စတင်မယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးက ကြေညာထားပါတယ်။
ပြန်လည် စတင်မဲ့ရက်က အခုလ ၈ ရက်နေ့ဖြစ်ပါတယ်။
နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ဖို့အတွက် အရင်ရက်တွေက ကိုယ်တိုင် လာရောက် ရက်ချိန်းတိုကင်ယူထားသူတွေ၊ Call Center ကနေ ရက်ချိန်းရယူထားပြီးသူတွေ အနေနဲ့ လာရောက်ရမဲ့ အချိန်ကို သံရုံးက ဇယားနဲ့ ဖော်ပြထားပါတယ်။
နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ပေးတဲ့အခါမှာ ကြိုတင်ရက်ချိန်းရပြီးသားသူတွေကို ဦးစားပေးဆောင်ရွက်ပေးမယ်လို့လည်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားပါတယ်။
နိုင်ငံကူးလက်မှတ် အသစ်လုပ်ပေးတာကို ဩဂုတ်လ၂ ရက်နေ့ကတည်းက သံရုံးက ရပ်နားထားခဲ့တာပါ။
The Tanintharyi Times
