ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ

BaHtoo
ဓာတ်ပုံ - DDMSC

ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇)နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနား ကို ဇာတိဖြစ်တဲ့လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာမှာ ဒီနေ့မနက်ပိုင်းကကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ထားဝယ်ခရိုင်သပိတ်ကော်မတီတို့အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းအသီးအသီးက ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဗိုလ်မှူးကြီးဗထူးဟာ ၁၉၄၂ ခုနှစ်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကို စတင်ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တာလူးစခန်းမှာ ကျဆုံးခဲ့တာဖြစ်ပါတယ်။

The Tanintharyi Times