ခရစ္စမတ်ဆုတောင်းမှုပြုလုပ်နေချိန် ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေ ဝင်ရောက်ရိုက်နှက် ၊အကျဉ်းသူ ၁၅ ဦးကိုလည်းတိုက်ပိတ်ထား
ခရစ္စမတ်ဆုတောင်းမှုပြုလုပ်နေချိန် ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေ ဝင်ရောက်ရိုက်နှက် ၊အကျဉ်းသူ ၁၅ ဦးကိုလည်းတိုက်ပိတ်ထား
ခရစ္စမတ်နေ့မှာ ဆုတောင်းမှုပြုလုပ်နေချိန် ဒိုက်ဦးထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသူတွေ ဝင်ရောက်ရိုက်နှက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေရှိသလို နိုင်ငံရေး အကျဉ်းသူ ၁၅ ဦးကိုလည်းတိုက်ပိတ်ထားတယ်လို့ နိုင်ငံရေးအကျဉ်း သား အရေးဆောင်ရွက်နေတဲ့ အဖွဲ့ ၄ ဖွဲ့ပေါင်းပြီးတော့ ဒီနေ့မှာ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ ခရစ္စမတ်နေ့မှာ ဒိုက်ဦးအကျဉ်းထောင်ရှိ အမျိုးသမီးဆောင်မှာ ခရစ္စမတ် ဆုတောင်းကြစဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင် ၊ အမျိုးသမီး ၃ ပွင့် ဇင်မာကြည်အောင် နဲ့ လက်ကိုင်တုတ် အကျဉ်းသားတွေထဲက နိုင်ဖြိုးဝေ(ခ) နိုင်ကြီး အစရှိတဲ့ လူတစ်စုတို့မှ ဝင်ရောက် ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်အုပ်စု လက်ဝေခံ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသူ ၁၅ ဦး အား တိုက်ပိတ်ခဲ့ပြီး ထောင်ဝင်စာလည်း ပိတ်ပင်မှု ပြုလုပ်ခဲ့ကြတာ် လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် ဒိုက်ဦးအကျဉ်းထောင်အတွင်းမှာ ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသာများ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားတဲ့ တန်ဖိုး သိန်း ၃၀ ကျပ်ခန့်ရှိတဲ့ ဆေးပဒေသာပင်ကိုလည်း မလိုအပ်ဘူးဆိုပြီးတော့ ထောင်အာဏာပိုင်တွေက သိမ်းယူသွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စု လက်ဝေခံ ဒုထောင်ပိုင် ဟိန်းဇင်အောင် က ဆေးဝါးလုံလောက်စွာပေးရန် တောင်းဆိုတဲ့ နိုင်ငံရေး အကျဉ်းသူ/အကျဉ်းသားတွေရဲ့ နာမည်စာရင်းကို မှတ်ထားပြီး လေးဘက်ထောက်ခိုင်းကာ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေ ရဲ့ ထောင်ဝင်စာပါဆယ်ပို့တဲ့ ဆေးဝါးတွေကိုလည်း ထောင်အာဏာပိုင်တွေက သိမ်းဆည်းတာတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အကြမ်းဖက် ဒုထောင်ပိုင် ဟိန်းဇင်အောင် က တစ်နေ့တစ်ယောက် မနှိပ်စက်ရရင် နေသာထိုင်သာ မရှိလို့ ခြိမ်းခြောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသူ/အကျဉ်းသားတွေကို နေ့စဉ်နဲ့အမျှ လူ့အခွင့်အရေး ချိုးဖောက်မှုကို ဆိုးရွားစွာကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထောင်အာဏာပိုင်တွေက မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်ဖြန့်ဝေခြင်းတွေ ပြုလုပ်နေပြီး နိုင်ငံရေး အကျဉ်းသားတွေ သုံးစွဲသယောင်နဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဆောင်နေသလို နိုင်ငံရေး အကျဉ်းသားတွေလက်ထဲမှာ မူးယစ်ဆေးဝါးတွေ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်ပိတ်နှိပ်စက် တာတွေကြောင့် ခြေထောက်နှစ်ချောင်း ပုပ်သွားရတဲ့ ဖြစ်ရပ်တွေအထိ ရှိပြီး တချို့မှာ ကိုယ်လက် အင်္ဂါချို့ယွင်းပြီး သတိမေ့မြောတဲ့အထိ နှိပ်စက်ခံနေရပါတယ်။
အကြမ်းဖက် ဒုထောင်ပိုင် ဟိန်းဇင်အောင် က အမျိုးသမီးထောင်ဝန်ထမ်းတွေသာ ဝင်ရောက်ခွင့်ရှိတဲ့ အမျိုးသမီးဆောင်အတွင်းကို မကြာခဏဝင်ရောက်ပြီး လူအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေ တဲ့အပေါ် နိုင်ငံရေးအကျဉ်းသူများရဲ့ လုံခြုံရေးအတွက် များစွာစိုးရိမ်မိတယ်လို့ အသိပေးထားပါတယ်။
ဒီထုတ်ပြန်ချက်ကို နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး(KPPA) နဲ့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) တို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။
Connect Burma
The Tanintharyi Times
