ကောကရိတ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ကုန်တင်ကားနဲ့ အရပ်သားတွေ ပိတ်မိနေ

ကောကရိတ်မှာ တိုက်ပွဲဖြစ်ပွားနေပြီး ကုန်တင်ကားနဲ့ အရပ်သားတွေ ပိတ်မိနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ (ဒီဇင်ဘာ ၁ရက်)မနက်အစောပိုင်းကစလို့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်း တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ကုန်တင်ကားတွေနဲ့ အရပ်သားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးလည်း ပိတ်သွားပြီး ကုန်တင်ကားတွေနဲ့ အရပ်သားတွေ ပိတ်မိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်းတွေရှိရာဘက်နဲ့ ကောကရိတ်မြို့ပေါ်မှာပါ ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး မြို့ပေါ်တချို့နေရာတွေ မီးလောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

မြို့တွင်းမှာ တိုက်ပွဲဲဖြစ်ပေါ်နေချိန် ပိတ်မိနေတဲ့ ပြည်သူတချို့ရှိနိုင်ပေမယ့် အများစုကတော့ စစ်ရှောင်နေပြီလို့ သိရပါတယ်။

connect burma

The Tanintharyi Times