အောင်ချမ်းသာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

အောင်ချမ်းသာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

ကော့သောင်းခရိုင်၊ ခမောင်ကြီးမြို့၊ အောင်ချမ်းသာရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်ဆိုသူ သေနတ်ပစ်ခတ်ခံခဲ့ရပြီးသေဆုံးသွားတယ်လို့သိရပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့ မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဦးမျိုးအောင်ဟာ တပည့်ဖြစ်သူနဲ့အတူ ဆိုင်ကယ်နဲ့အိမ်ပြန်လာချိန် ရွာအဝင်လမ်းဆုံအနီးသေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သူနဲ့အတူပါလာတဲ့ တပည့်ဖြစ်သူကတော့ ဒဏ်ရာရရှိခဲ့ပြီးဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

သေဆုံးသူ ဦးမျိုးအောင်ဟာ ပျူစောထီးခေါင်းဆောင်လည်းဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောဆိုပေမယ့် တနင်္သာရီတိုင်းမ်အနေနဲ့သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

The Tanintharyi Times