ရေးမြို့ကစစ်ကောင်စီထောက်တိုင်တွေ မနက်ဖြန်နောက်ဆုံးထားနှုတ်ထွက်ဖို့ ရေးဘီလူးအဖွဲ့သတိပေးစာထုတ်
ရေးမြို့ကစစ်ကောင်စီထောက်တိုင်တွေ မနက်ဖြန်နောက်ဆုံးထားနှုတ်ထွက်ဖို့ ရေးဘီလူးအဖွဲ့သတိပေးစာထုတ်
မွန်ပြည်နယ်၊ ရေးမြို့က စစ်ကောင်စီထောက်တိုင် ဝန်ထမ်းတွေ မနက်ဖြန်နောက်ဆုံးထားပြီးနှုတ်ထွက်ကြဖို့ ရေးဘီလူးအဖွဲ့က ဒီကနေ့ သတိပေးစာထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့အာဏာကိုမတရားလုယူထားတဲ့ စစ်ကောင်စီရဲ့ယန္တရားတွေလည်ပတ်အောင် အထောက်အကူပြုလုပ်ရင်ရေးဘီလူးအဖွဲ့က ထိထိရောက်ရောက်တုန့်ပြန်သွားမယ်လို့ဆိုပါတယ်။
ဒါ့အပြင်ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ခရိုနီတွေကိုလည်း ရေးဘီလူးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၈ ရက်မနက်ပိုင်းကလည်း ကဗျာဝကျေးရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးလည်းဖြစ် ပျူစောထီးလည်းဖြစ်သူ ဦးမင်းကိုဆိုသူကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
အဲဒီတစ်ရက်တည်းမှာပဲ ရေးမြို့လည်မှာရှိတဲ့ ရေးရဲစခန်းကို ဗုံးသီးတွေ၊လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။
The Tanintharyi Times
