ကံပေါက်ကနေထိုင်းနိုင်ငံကိုသွယ်တန်းထားတဲ့ ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်
ကံပေါက်ကနေထိုင်းနိုင်ငံကိုသွယ်တန်းထားတဲ့ ဇောတိကသဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ကနေ ထိုင်းနိုင်ငံကိုသွယ်တန်းထားတဲ့ PTTEP ကုမ္ပဏီရဲ့ဇောတိကသဘာဝဓာတ်ငွေ့ပိုက်လိုင်းမနေ့ညကပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက် ၃ နာရီဝန်းကျင်က မိကျောင်းလှောင်းရွာအနီး နတ်အိမ်တောင်ဘက်ကိုဆယ်သွယ်ထားတဲ့ပိုက်လိုင်းလမ်းတစ်နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေထံကသိရပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ကုမ္ပဏီအလုပ်သမားတွေနဲ့ စစ်ကောင်စီတပ်သားတွေလာရောက်စစ်ဆေးနေတယ်လို့သိရပါတယ်။
ဘာကြောင့်ပေါက်ကွဲခဲ့တယ်ဆိုတာနဲ့ ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကလည်း PTTEP ရဲ့ ရန်ကုန်ရုံးမှာဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။
The Tanintharyi Times
