ဇွန်လအတွင်း PDF ၂၀၀ ကျော်အလင်းဝင်လာတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် ဟာသဖြစ်နေတယ်လို့ PDF တွေဆို
ဇွန်လအတွင်း PDF ၂၀၀ ကျော်အလင်းဝင်လာတယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် ဟာသဖြစ်နေတယ်လို့ PDF တွေဆို
ဇွန်လအတွင်းမှာ အလင်းဝင်လာတဲ့ PDF အဖွဲ့ဝင် ၂၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
သူတို့ဟာ ဇွန်လ ၆ ရက်ကနေ ၂၉ ရက်အတွင်း အလင်းဝင်လာတာဖြစ်ပြီး အမျိုးသား ၁၅၆ ဦးနဲ့ အမျိုးသမီး ၄၉ ဦး စုစုပေါင်း ၂၀၅ ဦးရှိတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့အလင်းဝင်လာသူတွေကိုကြိုဆိုတဲ့အခမ်းအနားကဓာတ်ပုံတွေမှာတော့ mask တပ်ဆင်ထားပြီး အသက်ကြီးပိုင်းအမျိုးသား အနည်းအကျဥ်းကိုတွေ့ရပါတယ်။
အဲဒီဓာတ်ပုံနဲ့ စာရင်းတွေဟာ စစ်ကောင်စီထောက်ခံသူတွေနဲ့ပျူစောထီးတွေကိုဇာတ်တိုက်ပြီး လုပ်ကြံဖန်တီးထားတာသာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
“ရီစရာကြီးပေါ့ဗျာ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘဝကို ယုံကြည်ချက်ခိုင်မာတဲ့သူတွေက ကိုယ့်အသိစိတ်နဲ့ကိုယ်ရွေးချယ်ထားကြတာ။ လျှော့သွားဖို့လုံးဝမရှိဘူး တိုးလာဖို့ပဲရှိတယ်” လို့ထားဝယ်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီထုတ်ပြန်တဲ့ ဇယားမှာတော့ ဧရာဝတီတိုင်း ဒေသကြီး (၁၁၉) ဦး၊ ရန်ကုန် တိုင်းအတွင်းမှ (၈) ဦး၊ မန္တလေးတိုင်းဒေသကြီးမှာ (၄၁) ဦး၊ မကွေးတိုင်းဒေသကြီးအတွင်းမှ (၁၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ (၁၈) ဦး ၊ ကရင်၊ ရှမ်းနဲ့ မွန်ပြည်တို့မှ (၁) ဦးစီ၊ ပဲခူးတိုင်းအတွင်း (၉) ဦး၊ ကယားပြည်နယ်မှ (၃)ဦးဆိုပြီး ရေးသားထားပါတယ်။
သူတို့ထုတ်ပြန်တဲ့စာရင်းမှာ တနင်္သာရီတိုင်း နဲ့နေပြည်တော်၊ ကချင် ၊ချင်း ရခိုင် စတဲ့ဒေသတွေ မပါဝင်ပါဘူး။
The Tanintharyi Times
