ပုလောမှာ စစ်ကားနှစ်စီးမိုင်းဆွဲခံရ
ပုလောမှာ စစ်ကားနှစ်စီးမိုင်းဆွဲခံရ
ပုလောမြို့နယ်၊ တပိုရွာအနီးမှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Vigo ကား နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
ဘုတ်ခြံတပ် ခလရ ၁၇ ဘက်ကနေ ခလရ ၂၈၅ ဘက်ကို လာတဲ့ ကားနှစ်စီးကို ဒီနေ့ မနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်က မိုင်းနှစ်လုံးဆွဲပြီးတိုက်ခိုက်ခဲ့တယ်လို့ အရိပ်ပြောက်ကျားတပ်ဖွဲ့(PSGF) တာဝန်ခံကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို KPDF နဲ့ PSGF တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားတစ်စီးထိခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေလည်းထိခိုက်ဒဏ်ရာရတယ်လို့သိရပေမယ့် အရေအတွက်ကိုတော့အတည်မပြုနိုင်သေးပါဘူး။
ပုလောမြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျောင်းနိမ့်ရွာ၊ မှော်မိရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန်လ ၂၇ ရက်ကစပြီးတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
The Tanintharyi Times
