ငြိမ်းချမ်းရေး နဲ့ ရွေးကောက်ပွဲ ကိစ္စဆွေးနွေးဖို့ မလေးရှား ဝန်ကြီးချုပ် နေပြည်တော်သွားမယ်
ငြိမ်းချမ်းရေး နဲ့ ရွေးကောက်ပွဲ ကိစ္စဆွေးနွေးဖို့ မလေးရှား ဝန်ကြီးချုပ် နေပြည်တော်သွားမယ်

အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတဲ့ မြန်မာစစ်အုပ်စုကို ငြိမ်းချမ်းရေး နဲ့ ရွေးကောက်ပွဲ ကိစ္စတွေ ဆွေးနွေးဖို့ အတွက် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန်ဟာ အောက်တိုဘာလ ၉ ရက်နေ့ မှာ မြန်မာနိုင်ငံကိုသွားရောက်မယ်လို့ မလေးရှားအစိုးရ က ထုတ်ပြန်ထားပါတယ်။
မလေးရှား အစိုးရ ရဲ့ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီး မိုဟာမတ်ဟာဆန် ဟာ မြန်မာနိုင်ငံကို တစ်ရက် တာ ခရီးသွားရောက်မှာဖြစ်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် နဲ့ ရွေးကောက်ပွဲ နဲ့ ရပ်ဆိုင်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်ဖို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဟာ စစ်ခေါင်းဆောင်အပြင် စစ်ကော်မရှင် ဝန်ကြီးချုပ် ညိုစော၊ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေတို့ နဲ့ပါ တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။
ခရီးစဉ် နဲ့ ပတ်သက်ပြီးမလေးရှားဝန်ကြီး ချုပ် မိုဟာမတ် ဟာဆန်က “ စစ်ပွဲတွေရပ်ဆိုင်းဖို့ ၊ လူသားခြင်းစာနာထောက်ထားမှု အကူအညီတွေကို မဟန့်တားဖို့ မြန်မာအရေး ဘက်ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးပွဲ ပေါ်ပေါက်လာစေဖို့ဦးစားပေး ဆွေးနွေးသွားပါမယ်” လို့ ပြောပါတယ်။
မြန်မာ စစ်အုပ်စု ခေါင်းဆောင်ဟာ ၂၀၂၁ မှာ အာဏာသိမ်းယူခဲ့ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေး မူငါးချက်ကို အင်ဒိုနီးရှား အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကတိပြု သဘောတူခဲ့ပြီး လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် ၂၀၂၂ ကစလို့ အာဆီယံထိပ်သီးအစည်းအဝေးတွေ တက်ရောက်ခွင့် မရတော့ တာဖြစ်ပါတယ်။
ဒါ့အပြင်စစ်ခေါင်းဆောင်ဟဟာ ဒီမိုကရစီ အင်အားစုတွေ အားလုံးနီးပါးမပါဝင်တဲ့ တစ်ဖက်သတ်ရွေးကောက်ပွဲ တစ်ရပ်ကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
မလေးရှား အစိုးရ နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ ဟာ ကနဦးက စစ်အုပ်စု ရွေးကောက်ပွဲ ဟာ ဦးစားပေးမဟုတ်ဘဲ ပြည်တွင်း ငြိမ်းချမ်းရေး ပြန်လည်လုပ်ဆောင်ဖို့ နဲ့ အာဆီယံ မူငါးချက်အကောင် အထည်ဖော်ဖို့ ကို သာဦးဆောင်ပေးလုပ်ဆောင်ဖို့ ပြောဆိုထားတာပါ။
ဒါပေမယ့် မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ အောက်တိုဘာ ၉ ရက်နေ့ နေပြည်တော် ခရီးစဉ်မှာ ရွေးကောက်ပွဲ ကိစ္စဆွေးနွေးမယ်လို့ ပြောဆိုလာပြန်ပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး သွားရောက်တွေ့ဆုံမယ့် မြန်မာ စစ်အုပ်စု ဟာ အရပ်သားတွေ ကို နေ့စဉ် ရက်ဆက် သတ်ဖြတ်နေပြီး အောက်တိုဘာလ ၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းရေဦးမြို့နယ်မှာ အရပ်သား တွေ စုဝေးပြီး ဆီးမီးထွန်း ပွဲ ပြုလုပ်နေတာကို ဗုံးကြဲခဲ့လို့ လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times