ဘန်ကောက်မှာကျင်းပမယ့် ဘင်းမ်စတက် ညီလာခံ မင်းအောင်လှိုင်တက်မယ်

ဘန်ကောက်မှာကျင်းပမယ့် ဘင်းမ်စတက် ညီလာခံ မင်းအောင်လှိုင်တက်မယ်

ကိုးကား - Thai PBS

ထိုင်းဝန်ကြီးချုပ်ပေထုံတန် ရှင်နာဝပ် ဦးဆောင်ကျင်းပမယ့် ဘန်ကောက် က ဘင်းမ်စတက် ညီလာခံကို စစ်ရာဇဝတ်မှု အများအပြားကျူးလွန်ထားပြီး နိုင်ငံတကာတရားရုံးတွေက အလိုရှိနေတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်တက်ရောက်မယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့အစည်း(BIMSTEC) ရဲ့ ညီလာခံတက်ရောက်ဖို့ အတွက်ဧပြီလ ၃ ရက်နဲ့ ၄ ရက်တွေမှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို သွားရောက်မယ်လို့ သိရပါတယ်။

မင်းအောင်လှိုင် ရဲ့ ဘန်ကောက်ခရီးစဉ်ဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း ထပမဆုံးအကြိမ် ထိုင်းနိုင်ငံကိုသွားရောက်တာဖြစ်ပါတယ်။

အဲ့ဒီထိပ်သီးအစည်းအဝေးမှာ မင်းအောင်လှိုင်က ထိုင်းဝန်ကြီးချုပ်ပေထုံတန် နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ အပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ နဲ့ သီရိလင်္ကာ တို့ကအစိုးရရခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် က သဘာပတိအဖြစ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဘင်းမ်စတက်အဖွဲ့ကို ဘန်ကောက်မှာ ၁၉၉၇ ခုနှစ်ကစတင်တည်ထောင်ခဲ့တာပြီး ဘင်္ဂလားပင်လယ်အော် ဒေသတွင်း နိုင်ငံတွေ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာနဲ့ သီရိလင်္ကာ တို့က စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အတွက်ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Connect Burma

The Tanintharyi Times