ပုလောမြို့မှာ ဖမ်းဆီးခံထားရသူနှစ်ဆယ်ကျော် မြိတ်ထောင်ပို့

ပုလောမြို့မှာ ဖမ်းဆီးခံထားရသူနှစ်ဆယ်ကျော် မြိတ်ထောင်ပို့

Myeik-Jail

ပုလောမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ပြည်သူလေးဆယ်ကျော်အနက် နှစ်ဆယ်ကျော်ကို မြိတ်အကျဥ်းထောင်ကို ပို့လိုက်တယ်လို့ မြိတ်ထောင်နဲ့နီးစပ်သူတချို့က ပြောပါတယ်။

PDF တွေနဲ့ ဆက်သွယ် ကူညီမှု၊ လူမှုကွန်ရက် ပေါ်မှာ သတင်းတွေကို မျှဝေမှူ စတဲ့ စွပ်စွဲချက် အမျိုးမျိုးနဲ့ ပုလောမြို့က ပြည်သူလေးဆယ်ကျော်ကို ပြီးခဲ့တဲ့ နှစ်လအတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

အဲဒီထဲက အမျိုးသမီးနှစ်ဦးအပါအဝင် စုစုပေါင်း ၂၄ ဦးကို ဇွန်လ ၁၇ ရက်မွန်းလွဲပိုင်းက မြိတ်ထောင်ကို ပို့လိုက်တာ ဖြစ်ပါတယ်။

“မြေသယ်တဲ့ ကားကြီးနဲ့ လူတွေကို လာပို့တာ ခွေးတွေ ဝက်တွေ သယ်လာသလိုပဲ “လို့ မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

ပုလောမှာ ကျန်ခဲ့တဲ့သူတွေကိုတော့ ပုလောရဲစခန်းနဲ့ ခလရ ၂၈၅ တပ်ရင်းမှာ ဖမ်းဆီးထားပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူတွေကို ဘယ်လိုပုဒ်မတွေတပ်ပြီး ဖမ်းဆီးထားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို နေအိမ်တွေမှာ မကြာခဏ လိုက်လံဖမ်းဆီးလေ့ရှိပြီး ဖမ်းဆီးထားတဲ့ သူတွေထဲက အနည်းအကျဉ်းကိုသာ ပြန်လွှတ်ပေးတယ်လို့ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုလောမြို့မှာ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ တချို့ဖမ်းဆီးခံခဲ့ရပါသေးတယ်။

The Tanintharyi Times