မြန်မာလူငယ်တွေအတွက် ပညာသင်ဆု ဖြတ်တောက်မှုကိုဥပမာပေးပြီး အီလွန်မတ်စ်ကို ထရမ့်ချီးကျူး

မြန်မာလူငယ်တွေအတွက် ပညာသင်ဆု ဖြတ်တောက်မှုကိုဥပမာပေးပြီး အီလွန်မတ်စ်ကို ထရမ့်ချီးကျူး

မြန်မာလူငယ်တွေအတွက် အမေရိကန်အစိုးရအဆက်ဆက်ကပေးအပ်ခဲ့တဲ့ ပညာသင်ဆု(စကောလားရှစ်) အစီစဉ် ဖျက်သိမ်းနိုင်ခဲ့မှု ကိုဥပမာပေးပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အစိုးရ စွမ်းဆောင်ရည် ဌာန (DOGE) ရဲ့ ခေါင်းဆောင်အီလွန်မတ်စ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

အီလွန်မတ်စ်ဟာ အစိုးရ စွမ်းဆောင်ရည် ဌာနမှာ(DOGE)ကနုတ်ထွက်သွားခဲ့ပေမယ့် ရန်ပုံငွေဖြတ်တောက်တဲ့ အစီစဉ်တွေနဲ့ ဖက်ဒရယ်အစိုးရအတွင်း အသုံးစရိတ်လျော့ချရေးအစီစဉ်တွေ ဆက်လုပ်သွားမယ်လို့ ပြောဆိုရင်း အခုလိုဥပမာပေးခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်က အီလွန်မတ်ရဲ့ ထရမ့်အုပ်ချုပ်ရေး ကာလအတွင်းလုပ်ဆောင်ခဲ့တာတွေကို ချီးကျူးပြောဆိုရင်း မြန်မာနိုင်ငံသားလူငယ်တွေကိုပေးအပ်နေတဲ့ စကောလားရှစ် တွေဖြတ်တာကို ဥပမာပေးချီးကျူးခဲ့တာဖြစ်ပါတယ်။

အီလွန်မတ်ဟာ ပညာရေးဌာနတစ်ခုလုံးရဲ့ ရန်ပုံငွေလျော့ချရေးအတွက် ထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့တယ် လို့ ထရမ့်ကချီးကျူးခဲ့တာဖြစ်ပါတယ်။

အီလွန်မတ်စ်ဟာ ပညာရေးဝန်ကြီးဌာနကို ဒေါ်လာ ၁၀၁ သန်းကို ထိဖြတ်တောက် လျော့ချနိုင်ခဲ့ပြီးအဲ့ဒီထဲကမှာ မြန်မာနိုင်ငံအတွက်ပေးနေတဲ့ ၄၅ သန်းလည်းအပါအဝင်ဖြစ်ပါတယ်လို့ ဒေါ်နယ်ထရမ့် ကပြောဆိုခဲ့တာပါ။

“မြန်မာနိုင်ကိုသိကြလား။ ဒီထဲကလူတစ်ယောက်တစ်လေလောက်မြန်မာနိုင်ငံအကြောင်းသိကြလား” လို့ ထရမ့်က အီလွန်မတ်စ် နုတ်ထွက်တဲ့ နုတ်ဆက်ပွဲမှာ သတင်းထောက်ရှေ့မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ထရမ့်ဟာ ဒုက္ခသည်တွေပြန်လည်အခြေချနေထိုင်ရေးအတွက် ပေးအပ်ထားတဲ့ ရန်ပုံငွေတွေ အကြောင်းလည်းပြောဆိုခဲ့ပြီး ဒုက္ခသည်တွေကို တရားမဝင်ရွေ့ပြောင်းသူတွေ အဖြစ် သုံးနှုန်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“နယူးယောက်မှာ တရားမဝင်နိုင်ငံခြားသားတွေကို နေထိုင်ခွင့်ပေးဖို့ အိမ်ခန်းခတွေ၊ ဟိုတယ်ခန်းတွေကို အရင်အစိုးက အလကားပေးခဲ့တယ်။ အဲ့ဒါ ၅၉ သန်းတောင်ရှိတယ်၊ငါတို့ လျင်လျင်မြန်မြန် ပဲဖြတ်တောက်နိုင်ခဲ့တယ်။တရားမဝင်ရောက်လာသူတွေက အဲ့ဒီပိုက်ဆံကို ဘယ်တော့မှ ပြန်ဆပ်တာလည်း မဟုတ်ဘူး” လို့ ထရမ့်ကပြောခဲ့တာပါ။

ထရမ့်က အီလွန်မတ်စ် နုတ်ထွက်သွားပေမယ့် အစိုးရ စွမ်းဆောင်ရည် ဌာနမှာ(DOGE) ဆက်လက်ထားရှိမယ်လို့ပြောဆိုခဲ့ပါတယ်။

DOGE ဟာ လက်ရှိမှာ ဖက်ဒရယ်အစိုးရ အသုံးစရိတ်နဲ့ နိုင်ငံတကာကိုထောက်ပံ့နေတဲ့ ငွေကြေးစုစုပေါင်း ဒေါ်လာ ၁၅၇ ဘီလီယံကို ဖြတ်တောက်ထားနိုင်ခဲ့ပြီး ဒါဟာ အီလွန်မတ်စ် နဲ့သူ့အစိုးရအတွက် အောင်မြင်မှုလို့လည်း ကြွေးကြော်ခဲ့ပါတယ်။

ကိုးကား – Washington Times

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times