ပုလောမြို့နယ်က တိုရွာကို စစ်တပ်မီးရှို့

ပုလောမြို့နယ်က တိုရွာကို စစ်တပ်မီးရှို့

မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက တိုရွာကို စစ်ကောင်စီတပ်တွေက ဒီနေ့မနက်ပိုင်း မီးရှို့နေတယ်လို့ အနီးအနားရွာကဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်သံတွေကြားရပြီး ပလမြို့၊ တိုရွာ၊ အမှတ် ၂ ရပ်ကွက်ဘက်ကနေ မီးခိုးလုံးတွေတက်လာတာမြင်တွေ့ခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ပလဘက်က လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရွာမှာမီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

ဒီနေ့ မနက် ၅ နာရီလောက်စပြီး တိုရွာတောင်ကုန်းနဲ့ ပလရဲစခန်းတို့ကနေ လက်နက်ကြီး ၆ ချက်လောက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဝင်ရောက်လာတဲ့အတွက် တိုရွာက ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ရွာသားတွေကထွက်ပြေးတိမ်းရှောင်နေဏတဲ့အတွက် နေအိမ်ဘယ်နှဆောင်မီးလောင်နေတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။

မနေ့ကလည်း မြိတ်ဘက်ကနေ ပုလောဘက်ကိုလာတဲ့ အင်အား ၇၀ ဝန်းကျင်ပါယာဥ်တန်းဟာ တပိုရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

The Tanintharyi Times