KK Park ကျားဖြန့် စင်တာကို ဗုံးခွဲဖျက်ဆီးထားတဲ့ ဓာတ်ပုံတွေကို စစ်တပ်က ထုတ်ပြန်ပြီး ဝါဒဖြန့်နေ

KK Park ကျားဖြန့် စင်တာကို ဗုံးခွဲဖျက်ဆီးထားတဲ့ ဓာတ်ပုံတွေကို စစ်တပ်က ထုတ်ပြန်ပြီး ဝါဒဖြန့်နေ

အွန်လိုင်းငွေကြေးလိမ်လည်ရေး စင်တာတွေတည်ရှိရာ KK Park က အဆောက်အအုံတွေကို စစ်တပ် နဲ့ ကရင်နယ်ခြားစောင့်တပ် BGF က ဗုံးခွဲဖျက်ဆီးခဲ့တဲ့ ဓာတ်ပုံတွေကို စစ်တပ်ထောက်ခံ တယ်လီဂရမ် ချန်နယ်တွေ က တဆင့် ဖြန့်လာပါတယ်။

ဓာတ်ပုံတွေ ဖြန့်ဝေ လာတဲ့အပြင် KK Park ကျားဖြန့် စင်တာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း နဲ့ဆက်စပ်နေတယ်လို့ ဝါဒဖြန့် နေတာဖြစ်ပါတယ်။

အွန်လိုင်းငွေကြေးလိမ်လည်ရေး စင်တာတွေတည်ရှိရာ KK Park က အဆောက်အအုံတွေကို စစ်တပ် နဲ့ ကရင်နယ်ခြားစောင့် တပ် BGF တို့ ဗုံးခွဲဖျက်ဆီးနေတယ်လို့ လွန်ခဲ့တဲ့ရက်တွေက တယ်လို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ပြောကြားကြောင်း Thai PBS သတင်းဌာန ကဖော်ပြထားပါတယ်။

ထိုင်း စစ်တပ် Third Army Region ရဲ့ တာဝန်ရှိသူတွေ ရဲ့ ပြောကြားချက်အရ မြန်မာစစ်အုပ်စုတပ် နဲ့ BGF တပ်တွေဟာ KK Park ကို ဒရုန်းဗုံးတွေ ၊ မိုင်းတွေဖောက်ခွဲပြီး ဖျက်ဆီးနေတာလို့ ထိုင်းသတင်းတွေပြောကြားခဲ့တာပါ။

လက်ရှိစစ်တပ်က ဖြန့်ဝေ နဲ့ ဓာတ်ပုံတွေမှာလည်း မိုင်းထောင် နေတဲ့ စစ်သားတွေ တွေ့ရှိရပြီး မိုင်းနဲ့ ဖောက်ခွဲထားတဲ့ အဆောက်အအုံတွေကို ကရိန်းတွေ နဲ့ ရှင်းလင်း နေတာဖြစ်ပါတယ်။။

စစ်တပ် နဲ့ BGF ရဲ့ ဗုံးခွဲဖျက်ဆီးတွေဟာ ထိုင်း – မြန်မာ နယ်စပ်မျဉ်း နဲ့ မီတာ ငါးရာအကွာ မှာဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မယ်ကု မြို့နယ်ခွဲ ရဲ့ သောင်းရင်းမြစ်တစ်ဖက်ကမ်းက အဆောက်အအုံတွေ ဗုံးခွဲနေတာလို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စွပ်စွဲချက်တွေကို KNU က ငြင်းဆိုထားပြီး KK Park ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့လုံးဝသက်ဆိုင်ခြင်း မရှိဘူးလို့ ပြတ်ပြတ်သားသားငြင်းဆိုကြောင်း KNU က အောက်တိုဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထား ပါတယ်။

KNU ဟာ ထိုင်း -မြန်မာနယ်စပ်ရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်း အတွက် မြေငှားရမ်းတာနဲ့ လုံခြုံရေး စောင့်ရှောက်ခ ရယူတာ တွေ လုပ်ဆောင်နေတယ်လို့ မြန်မာစစ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ စစ်တပ်ထောက်ခံ မီဒီယာတချို့က စတင်စွပ်စွဲခဲ့တာဖြစ်ပါတယ်။

ဒီစွပ်စွဲချက်တွေ နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ငြင်းဆိုတယ်လို့ KNU ရဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

စစ်တပ်နဲ့ BGF တို့ ဟာ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းတွေက အလုပ်သမား ထောင်နဲ့ချီကို နှင်ထုတ်ကာ အဆောက်အအုံတွေ ကိုမိုင်းခွဲဖျက်ဆီးခဲ့တာပါ။

မြန်မာလူ့အခွင့်အရေး လှုပ်ရှားသူအဖွဲ့ Justice For Myanmar ထုတ်ပြန်ထားချက်တွေ အရ မြန်မာစစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ မိသားစုနဲ့ BGF/KNA တပ်ဖွဲ့ဝင်အချို့ဟာ ကျားဖြန့်လုပ်နေတဲ့ ကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၈ ခုထက်မနည်းမှာ ရှယ်ယာပါနေတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးစောချစ်သူဟာ BGF ပိုင် တရားဝင်စီးပွားရေးလုပ်ငန်းတွေရော တရားမဝင် စီးပွားရေးလုပ်ငန်းတွေကပါ ဘီလျံချီတဲ့ ဝင်ငွေတွေရနေတဲ့အကြောင်း Justice For Myanmar က ရော အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP)ကပါ ထုတ်ဖော်ထားပါတယ်။

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ကရင်ပြည်နယ်၊ မြဝတီမြို့ နဲ့ ရွှေကုက္ကိုက အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်)တွေအကြောင်း မနှစ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူ့လက်အောက်က ဗိုလ်မိုလ်သိုလ်၊ ဗိုလ်မှူးတင်ဝင်းတို့ကို အွန်လိုင်းငွေလိမ်ဂိုဏ်း(ကျားဖြန့်) လုပ်ငန်းတွေမှာ အဓိကပါဝင်သူတွေအဖြစ် ဖော်ပြထားပါတယ်။

မြ၀တီမြို့နယ်မှာ အွန်လိုင်းကျားဖြန့်များ အခြေစိုက်တဲ့ ရွှေက္ကိုလ်မြို့သစ်စီမံကိန်း၊ ရထိုက်မြို့သစ်စီမံကိန်း၊ ဒေါင်မေဥယျာဉ်စီမံကိန်း (Dongmei Park)၊ Yulong Bay Park ၊ Apollo Park ၊ Jinxin Park ၊ KK Park ၊ မြ၀တီမြို့သစ် စတဲ့ စီမံကိန်းတွေကို မြန်မာ စစ်တပ်လက်အောက်ခံ BGF က ဦးဆောင်ပြီး တရုတ် ရာဇဝတ်ဂိုဏ်းတွေ၊ စီးပွားရေးသမားတွေ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

ကျားဖြန့် ကိစ္စကြောင့် BGF ခေါင်းဆောင် စောချစ်သူ ကို ထိုင်း တရားရုံး ကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီး အမေရိကန် ၊ဗြိတိန် နဲ့ ဥရောပသမဂ္ဂတို့က ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်ဆောင်ထားပါတယ်။

တရုတ်နိုင်ငံ မှာကျားဖြန့် အမှုဖမ်းဆီး ခံထားရတဲ့ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဝေဆန်းက လည်း ကျားဖြန့် လုပ်ငန်းတွေ ကို မြန်အုပ်ချုပ်သူတွေ ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့ကြောင်း ထွက်ဆိုထားတယ်လို့ တရုတ်နိုင်ငံပိုင်CCTV သတင်းမှာဖော်ပြထားပါတယ်။

Connect Burma

The Tanintharyi Times