“ဝ” တပ်မတော်ကို ထိုင်းနိုင်ငံ၏ ရန်သူလို့ သူလို့ “သက်ဆင်” စွပ်စွဲ
“ဝ” တပ်မတော်ကို ထိုင်းနိုင်ငံ၏ ရန်သူလို့ သူလို့ “သက်ဆင်” စွပ်စွဲ

ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးဝါးဖြန့်ချိရောင်းဝယ်သူတွေရဲ့နဲ့ “ဝ” တပ်မတော် တို့ထိုင်းနိုင်ငံ ၏ ရန်သူလို့ ထိုင်းဝန်ကြီးချုပ် ဖယ်ထုံတန် ရှင်နာဝပ်ရဲ့ဖခင်လည်းဖြစ်၊ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်ကစွပ်စွဲပြောဆိုခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ထိုင်းနိုင်ငံဟာမူးယစ်ဆေးအကျပ်အတည်းနဲ့ရင်ဆိုင်နေပြီး ဒီကိစ္စကို ဒီကိစ္စရဲ့ လက်သည်ဟာ “ဝ” တပ်မတော်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပြောဆိုခဲ့ပြီးနောက် ဒီနေ့ သောကြာနေ့မှာထပ်မံပြောဆိုလာတာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မည်သူမဆို “ထိုင်း၏ရန်သူ” အဖြစ် သတ်မှတ်တယ်လို့ သူကထပ်ပြောလာတာ ဖြစ်ပါတယ်။
အလားတူပဲ “၀” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းများရှိနေပြီးအဲ့ဒီ သက်သေတွေ ထိုင်းဘက်မှာရှိတယ်လို့ သက်ဆင်ကပြောဆိုပါတယ်။
UWSA ကြောင့် ထိုင်းနိုင်ငံအတွင်းကို မူးယစ်ဆေးဝါးများ ဝင်ရောက်လာတာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့တာဝန်မယူနိုင်ဘူးဆိုရင် ထိုင်းနိုင်ငံကတာဝန်ယူရမယ်လို့ပြောဆိုခဲ့တာပါ။
သက်ဆင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ပြုလုပ်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ (ONCB) က ပြုလုပ်တဲ့ အခမ်းအနားမှာ မူးယစ်ဆေးဝါး ပြဿနာတွေနဲ့ပတ်သက်ပြီး “ဝ” တပ်မတော်ကိုစွပ်စွဲပြောဆိုခဲ့တာပါ။
အခုလိုပြောဆိုတဲ့ အချိန်နဲ့ယမန်နှစ်က ထောင်ကျခံနေရ သက်ဆင်ကို ရဲဆေးရုံမှာ ဆေးကုခွင့်ရအောင် ဆေးစစ်ချက်အတုတွေ ထုတ်ပေးခဲ့တဲ့ အကျဉ်းထောင်ဆရာဝန်ကို အရေးယူနိုင်ဖို့ ထိုင်းတရားရုံး စစ်ဆေးနေချိန် နဲ့လည်းတိုက်ဆိုင်နေပါတယ်။
ONCB ဘက်ကတော့ သက်ဆင်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်အတွင်း မူးယစ်ဆေးဝါး နှိမ်နင်းမှု တွေဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံကိုသာ ဟောပြောလမ်းညွှန်ဖို့ ဖိတ်ကြားခဲ့တာလို့ဆိုထားပါတယ်။
သက်ဆင်ဟာ ၂၀၀၃ ခုနှစ်မှာ မူးယစ်ဆေးဆန့်ကျင်ရေး စစ်ဆင်ရေးတစ်ခုကြေညာခဲ့ပြီး ဒီစစ်ဆင်ရေးအတွင်း အငြင်းပွားဖွယ်ရာ တရားလက်လွတ်သတ်ဖြတ်မှုတွေ ကြောင့်လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဆန့်ကျင်မှုကိုခံခဲ့ရပါတယ်။
လက်ရှိ ထိုင်းအတိုက်အခံတွေပါတီတွေက သက်ဆင်ကို မူးယစ်ဆေးဝါးဆန့်ကျင်ရေး မှာဦးဆောင်ပါဝင်ခိုင်း ရင် ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးလိုပဲ အဆုံးသတ်သွားနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်ကတော့ ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ ပြောဆိုချက်ကို ငြင်းဆိုထားပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သော သက်သေအထောက်အထားမရှိဘူးလို့ Thai Enquirer သတင်းဌာနကိုဖြေကြားထားပါတယ်။
UWSA အနေနဲ့ မူးယစ်ဆေးဝါးကို တိုက်ဖျက်နေပြီး မူးယစ်ကုန်သည်တွေ ၀ နယ်မြေကို ဖြတ်သန်းသွားမှုတွေရှိတယ်နိုင်တယ်လို့ ပြောဆိုခဲ့ပြီး အဲ့လိုလုပ်ဆောင်မှုတွေ ဟာ UWSA နဲ့ပတ်သက်မှု မရှိဘူးလို့လည်း ငြင်းဆိုထားပါတယ်။
ကိုးကား – Khaosod English၊ Thai Enquirer
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times