မြန်မာနိုင်ငံကို ပို့ဆောင်မယ့် ဒရုန်းပစ်လက်နက် နဲ့အတူ လူငယ်နှစ်ဦး မဲဆောက်မှာ ဖမ်းဆီးခံရ
မြန်မာနိုင်ငံကို ပို့ဆောင်မယ့် ဒရုန်းပစ်လက်နက် နဲ့အတူ လူငယ်နှစ်ဦး မဲဆောက်မှာ ဖမ်းဆီးခံရ
မြန်မာနိုင်ငံကို ပို့ဆောင်မယ့် ဒရုန်းပစ် လက်နက် အပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ အတူ မြန်မာနိုင်ငံသား လူငယ်နှစ်ဦး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဖမ်းဆီးခံရတယ်လို့ ထိုင်းတင်းတွေ မှာဖော်ပြထားပါတယ်။
ဒရုန်း အချက်ပြ – ဆင်ဆာဖြတ်တောက် တဲ့စနစ် ပါဝင်တဲ့ နည်းပညာမြင့် လက်နက်တွေ ကို ထိုင်းနိုင်ငံတဆင့် မြန်မာနိုင်ငံကို မှောင်ခိုပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်နှစ်ဦးကို အခုလ ၂၉ ရက်နေ့ မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်းသတင်းဌာန Khaosod မှာဖော်ပြထားပါတယ်။
မဲဆောက်မြို့ ၊ မယ်တော် မှာနေထိုင်တဲ့ လူငယ်နှစ်ဦး ဟာ မြန်မာနိုင်ငံ ကိုလက်နက်တွေတင်ပို့ဖို့ ပြင်ဆင်နေကြောင်း ထိုင်းရဲ တပ်ဖွဲ့ ကို အခုလ ၂၈ ရက်နေ့က သတင်းပေးတစ်ဦးက ပြောဆိုလာတာကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေ ဟာ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦး နဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီးနှစ်ဦးစလုံး မြန်မာနိုင်ငံသား တွေဖြစ်တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့ ဒရုန်း ပစ်လက်နက်ဟာ အကွာအဝေး ၁ ဒဿမ ၅ ကီလိုမီတာ ပေ ၅၀၀၀ နီးပါး က ဒရုန်းတွေကို ပစ်ချနိုင်တဲ့ နည်းပညာမြင့် လက်နက်တွေဖြစ်တယ်လို့ဆိုပါတယ်။
တာ့ခ်ခရိုင် မဲဆောက်မြို့ က ရဲမှူးကြီး Natthakorn ကတော့ ဘယ်အဖွဲ့ အစည်းကို မှ ထိုင်း မြေပိုင်နက်ကို အသုံးချပြီး လူသူ၊လက်နက် စုဆောင်းခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ လူငယ်နှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေး မေးမြန်းရာမှာတော့မိတ်ဆွေ တစ်ဦး အကူအညီတောင်းတာကြောင့် အွန်လိုင်းက တဆင့် မှာယူပေးခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း ထိုင်းသတင်းတွေ က ဖော်ပြပါတယ်။
လတ်တလောမှာတော့ မြန်မာ လူငယ်နှစ်ဦး ကိုဖမ်းဆီးထားပြီး လက်နက်မှောင်ခိုတင်သွင်းမှု ၊ လက်ဝယ်ထားရှိမှုတို့ နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေနပြီး ထိုင်းဘုရင့်တပ်မတော် နဲ့ ပူးပေါင်းကာ အမှုမှာ ပါဝင်ပတ်သက်နေသူတွေကို ဆက်လက်စုံစမ်းသွားမယ်လို့ ရဲမှူးကြီး Natthakorn က သတင်းထောက်တွေကို ပြောပါတယ်။
ကို;ကား – Khaosod
(ယခု ဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
