မီးပိတ်သပိတ်လှုပ်ရှားမှုပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်
မီးပိတ်သပိတ်လှုပ်ရှားမှုပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေ နှိုးဆော်
ဖားကန့်မြို့နယ်၊ အနန့်ပါဒေသကို စစ်ကောင်စီကဗုံးကြဲတိုက်လိုက်မှုကြောင့် သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းခြင်းအားဖြင့် မီးပိတ်သပိတ်လှုပ်ရှားမှုကို အခုည ၈နာရီခွဲအချိန်မှာပြုလုပ်မှာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
မီးပိတ်သပိတ်လှုပ်ရှားမှုကို အခုည ၈ နာရီ ၃၀ မိနစ်မှစပြီး ၁၀ မိနစ် တိတိ လမ်းတွေ၊နေအိမ်အဆောက်အအုံတွေအားလုံးမှာ မီးပိတ်၊ မီးမှိတ်ပြီး လှည်းနေလှေအောင်းမြင်းဇောင်းပါမကျန် ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး အမှောင်ချနေထိုင်ကြဖို့ နှိုးဆော်ထားတာပါ။
နောက်ပြီး ဝမ်းနည်းကြောင်းပြသတာအပြင် ဆုတောင်းမေတ္တာပို့သဖို့ နဲ့ အာဏာရှင်ရဲ့အရှိုက်ကိုထိုးနှက်ကြဖို့ကိုလည်း ဆိုထားပါတယ်။
အခုလိုပြုလုပ်ရတဲ့ရည်ရွယ်ချက်ဟာ လက်သည်းဆိတ် လက်ထိပ်ကနာဆိုသလို ကချင်လူထုနဲ့ အတူရပ်တည်ကြောင်းပြသတာနဲ့ ပြည်သူတွေရဲ့သွေးစည်းညီညွတ်မှုကို ထုတ်ဖော်ပြသတာဖြစ်တယ်လို့သိရပါတယ်။
ဘယ်လို ဖိနှိပ် ရက်စက်မှုမျိုးနဲ့ ကြုံတွေ့ပါစေ စစ်အုပ်စုကို လက်မခံ၊ဆန့်ကျင်သွားမယ် ဆိုတာကို အတိတ်ဆိတ်ဆုံးနဲ့ အကျယ်လောင်ဆုံးကြွေးကြော်ကြဖို့လည်းနှိုးဆော်စာမှာရေးသားထားပါတယ်။

The Tanintharyi Times
