ပုလောမြို့နယ် နန်းတောင်ရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်နေ

ပုလောမြို့နယ် နန်းတောင်ရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်နေ

ပုလောမြို့နယ် ၊ နန်းတောင်ရွာဘက်ကို စစ်ကောင်စီက အခုည ၇ နာရီလောက်ကနေ ၉နာရီခွဲဝန်းကျင်အထိ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ပုလောမြို့အခြေစိုက် ခလရ (၂၈၅) တပ်ကနေ PDF တွေရှိမယ်လို့ယူဆတဲ့ နန်းတောင်ရွာအနီးတဝိုက်ကို လက်နက်ကြီးနဲ့ရမ်းသန်းပြီး လှမ်ပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေနဲ့ မနေ့က ပစ်ခတ် တိုက်ခိုက်မှု အပြီးမှာလည်း ည ၁၂နာရီလောက်အထိ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်သံတွေကိုကြားရတယ်လို့ မြို့ခံတွေကဆိုပါတယ်။

“နှစ်ဖက်ထိတွေ့ပစ်ခတ်မှုနဲ့ ထိခိုက်မှုတော့မရှိသေးဘူး။ ရွာသားတွေကတော့ တချို့နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေကြပါပြီ။ နန်းတောင်ရွာမှာ အိမ်ခြေက ၁၀၀ ကျော်လောက်ပဲရှိပါတယ်” လို့ပုလောပြည်သူ့ကာကွယ်ရေးတပ်ရဲ့တာဝန်ရှိသူကပြောပါတယ်။

နန်းတောင်ရွာကစာသင်ကျောင်းမှာ မနေ့ကစစ်ကောင်စီ အင်အား ၃၀ ကျော်ရှိရာကနေ ဒီနေ့ အင်အား ၈၀ ကျော်အထိအင်အားတိုးချဲ့ထားတယ်လို့လည်းသိရပါတယ်။

မနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၆ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

The Tanintharyi Times