ထားဝယ်-ထီးခီးလမ်းကို ညဘက်အသုံးမပြုကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မေတ္တာရပ်ခံ
ထားဝယ်-ထီးခီးလမ်းကို ညဘက်အသုံးမပြုကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မေတ္တာရပ်ခံ
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ထားဝယ်- ထီးခီးလမ်းပိုင်းကို ညဘက်အသုံးမပြုကြဖို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေးမေတ္တာရပ်ခံလာပါတယ်။
အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာမဲ့ယာဥ်တွေအနေနဲ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီ အသုံးပြုကြဖို့၊ အမိုးအကာတွေကို ဖုံးပြီးမသွားဖို့၊ အိမ်စီးကားတွေ အရေးပေါ်လူနာတင်ကားတွေအနေနဲ့ မှန်ချပြီး မောင်းနှင်ပေးဖို့ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါ ကြည််ဖြူစွာ ပူးပေါင်းပါဝင်ပေးဖို့ ဆိုတဲ့အချက်တွေကို ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-ပ.က.ဖ) နဲ့ သံမဏိပြောက်ကျား(နဘယံ)တပ်ဖွဲ့တို့က မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။
စည်းကမ်းတစ်ချို့ကို ပူးပေါင်းပါဝေင်လိုက်နာပေးခြင်းမရှိဘဲ ဖြတ်သန်းသွားလာတဲ့ ယာဥ်တွေအကုန်လုံးကို ထိရောက်စွာအရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။
ပွင့်လင်းရာသီအချိန်အခါမှာ စစ်ရေးအခြေနေတွေ မတည်မငြိမ်ဖြစ်လာနိုင်တဲ့အတွက် မိဘပြည်သူတွေရဲ့ လုံခြုံရေးကို ရှေးရှုပြီး အခုလို အသိပေးထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဆိုပါထုတ်ပြန်ချက်ဟာ နောက်ထပ်ထုတ်ပြန်ချက်မထုတ်ခင်အချိန်အထိ အကျုံးဝင်တယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။
The Tanintharyi Times
