မုန်း (မူးမြို့နယ်) စစ်ကောင်စီ စခန်းတွေကို KNLAနဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊ စစ်ကောင်စီ တပ်က ၁၅ ယောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ
မုန်း (မူးမြို့နယ်) စစ်ကောင်စီ စခန်းတွေကို KNLAနဲ့တော်လှန်ရေးတပ်တွေ သိမ်းပိုက်၊ စစ်ကောင်စီ တပ်က ၁၅ ယောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၊ မုန်း(မူးမြို့နယ်) အတွင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းနိုင်ခဲ့တယ်လို့ KNU ဗဟို က ထုတ်ပြန်ပါတယ်။
မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၉) နဲ့ (၈) ကဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးပူးပေါင်းတပ်များမှ ဇူလိုင်လ (၂၅)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေ အတွင်း စစ်ကောင်စီ တပ်က ၁၅ ယောက်သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ဗဟိုရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် လက်နက်ကြီး လက်နက်ငယ် တွေအပါအဝင် ခဲယမ်းတွေနဲ့ စစ်သုံးဆက်စပ်ပစ္စည်းအများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ လည်းဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေ မှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ရဲဘော်(၂)ဦးကျဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်း တိုက်ပွဲတွေ အတွင်း ပိတ်မိနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် မိသားစုဝင်တွေကို တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

Connect Burma
The Tanintharyi Times