ဇရပ်ဆိပ်ကျေးရွာက အုပ်ချုပ်ရေးမှူးရုံးနဲ့ ပျူစောထီးနေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ
ဇရပ်ဆိပ်ကျေးရွာက အုပ်ချုပ်ရေးမှူးရုံးနဲ့ ပျူစောထီးနေအိမ် မိုင်းခွဲတိုက်ခိုက်ခံရ

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာက အုပ်ချုပ်ရေးမှူးရုံးနဲ့ ပျူစောထီးနေအိမ် မနေ့က ည၇ နာရီအချိန်ခန့်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ရောက်လာချိန်မှာ ဇရပ်ဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး အပါဆိုသူအပါအဝင် ပျူစောထီးအဖွဲ့ဝင်တွေကတော့ထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။
မိုင်းခွဲခံရတဲ့ အုပ်ချုပ်ရေးမှူးရုံးနဲ့ပျူစောထီးအဖွဲ့နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပေမဲ့ ဘယ်လောက် ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
အရင်ကလည်း ဇရပ်ဆိပ်ရွာအုပ်ချုပ်ရေးမှူးရဲ့နေအိမ်မိုင်းခွဲခံခဲ့ရဖူးတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲဒီနောက်မှာ စစ်ကောင်စီဘက်ကနေ ပုလောမြို့နယ်ထဲကကျေးရွာအချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို မနက် ၂နာရီလောက်အထိပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုလက်နက်ကြီးပစ်ခတ်တာကြောင့် ကဒဲကျေးရွာက နေအိမ်တစ်ဆောင်ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
The Tanintharyi Times