စစ်ကောင်စီလက်အောက်ခံ ဘဏ်၂ခုကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် ကြိုဆိုကြောင်း CRPH ထုတ်ပြန်

စစ်ကောင်စီလက်အောက်ခံ ဘဏ်၂ခုကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် ကြိုဆိုကြောင်း CRPH ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) ဘဏ် ၂ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူလိုက်တဲ့အပေါ် ကြိုဆိုတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ ဘဏ် ၂ခုကို ပိတ်ဆို့အရေးယူတာအပြင် စစ်ကောင်စီထံ စစ်လက်နက်ပစ္စည်းနဲ့လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေကို ပိတ်ပင်တာ၊ လက်နက်နဲ့လေယာဉ်ဆီဝယ်ယူရာမှာ သုံးတဲ့ ငွေကြေစီးဆင်းမှုတွေိကို ပိတ်ဆို့ဖို့တွေကိုလည်း CRPHက တိုက်တွန်းပါတယ်။

ဒါ့အပြင် သံတမန်ရေးနဲ့ စီးပွားရေးဖိအားတွေ တိုးမြှင့်ဆောင်ရွက်တာ၊ အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေး ပူးပေါင်းဆောင်ရွက်တာတွေကိုလည်း နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်လုပ်ဆောင်ပေးဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။

Connect Burma

The Tanintharyi Times