NCA ပြဇာတ်နဲ့ မင်းအောင်လှိုင်ဇာတ်ညွှန်း
NCA ပြဇာတ်နဲ့ မင်းအောင်လှိုင်ဇာတ်ညွှန်း
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ NCA ၈ နှစ်ပြည့်ပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ ကိုယ်စားလှယ် တက်ရောက်လာသလို NCA လက်မှတ်ရေးထိုးခဲ့တဲ့ နိုင်ငံတကာ အသိသက်သေများရဲ့ ကိုယ်စားလှယ်အဖြစ် အိန္ဒိယနိုင်ငံ ဒုတိယအမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နဲ့ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာ နဒုဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။ သူတို့တွေရဲ့ တူညီသော တိုက်တွန်းချက်က NCA ကို ဆက်လက် အကောင်အထည်ဖော်ဖို့ ဆိုတာပါပဲ။
ဒီနေရာမှာ NCA လို့ ဆိုလိုက်ရင် ဖြစ်တည်မှုအကြောင်းတရားဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတဲ့ လေးပွင့်ဆိုင်ထောက်တိုင်ပါပဲ။
NCA ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် လွှတ်တော်ဟာ ရှိရမှာဖြစ်ပြီး၊ လွှတ်တော်ရှိဖို့အတွက် ရွေး ကောက်ပွဲကလည်း လိုအပ်မှာဖြစ်တယ်။
မာအောင်
The Tanintharyi Times
