ထိုင်းရဲတပ်ဖွဲ့ဝင်တွေမှာ အကြွေးပူ အများအပြား ရှိနေတယ်လို့ ရဲချုပ်ပြော
ထိုင်းရဲတပ်ဖွဲ့ဝင်တွေမှာ အကြွေးပူ အများအပြား ရှိနေတယ်လို့ ရဲချုပ်ပြော
ထိုင်းရဲတပ်ဖွဲ့ဝင် အများအပြား အကြွေးတင်နေကြပြီး ရဲအရာရှိ အများစု မှာဒေဝါလီခံ ရမယ့် အခြေအနေနဲ့ ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ထိုင်းရဲချုပ် ၊ ရဲဗိုလ်ချုပ်ကြီး Torsak Sukvimol ကပြောပါတယ်။
“ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ အကြွေးအားလုံးပေါင်းလိုက်မယ်ဆိုရင် ဘတ် ၃၀၀ ဘီဘီယံ လောက်ရှိနေပါတယ်” လို့ ထိုင်းရဲချုပ်ကပြောပါတယ်။
ထိုင်း အောက်လွှတ်တော်မှာ ၂၀၂၄ ခုနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း ဥပဒေကို ပြန်သုံးသပ် တဲ့အစီစဉ်မှာ ရဲတပ်ဖွဲ့ ကတောင်းခံထားတဲ့ ဘတ်ဂျက် နဲ့ပတ်သက်ပြီးဆွေးနွေးစဉ် ထိုင်းရဲချုပ်က ခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။
လာမယ့် နှစ်အတွက် ထိုင်းရဲတပ်ဖွဲ့ အသုံးစရိတ် ကို ဘတ်ငွေ ၁၁၇ ဘီလီယံဝေချထားပေး ဖို့ တောင်းဆိုထားတဲ့ နဲ့ပတ်သက်လို့ လွှတ်တော်က ရဲချုပ်ကိုဖိတ်ကြား ပြီးမေးခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။
“ ရဲတပ်ဖွဲ့ဝင်တွေဟာ အိမ်တစ်လုံးပိုင်ဆိုင်ဖို့တောင် ရုန်းကန်နေရပါတယ်” လို့ သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဝင်တွေအတွက် သက်သာချောင်ချိရေးအိမ်ရာတွေ လိုနေတဲ့အတွက် လွှတ်တော် က ဘက်ဂျက်ခွင့်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
“ ထိုင်းရဲတပ်ဖွဲ့ က တင်ပြထားတဲ့ ဘတ်ဂျက် တောင်းခံမှုတိုင်းဟာ ပွင့်လင်းမြင်သာမှု ရှိပြီး သံသယ ဖြစ်စရာ မရှိဘူးလို့ လည်း သူက ပြောကြားခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ သုံးနနှစ်အတွင်း Covid-19 ကပ်ရောဂါ ဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ ဝင်အင်အားနည်း ပါးမှု လည်းဖြစ်ပေါ်နေတယ်လို့ ထိုင်းရဲချုပ်ကပြောပါတယ်။
ဥပမာ ဘန်ကောက်မြု့ အနီးဝန်းကျင်မြို့ တွေမှာ ရဲစခန်းတစ်ခု ကို ရဲတပ်ဖွဲဝင် ၂၀၀ ခန့် တာဝန်ချထားဖို့ လိုအပ်သော်လည်း အခုလက်ရှိ မှာ တော့ တစ်ဝက် သာတာဝန်ပေးထားနိုင်တယ်လို့ သူကဆိုပါတယ်။
ကိုးကား – ဘန်ကောက်ပို့စ်
(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
